Part - 6

453 51 17
                                    

Lee Jeno's POV

" Renjunnie "

​ကော့တက်​နေတဲ့ ပန်းနု​ရောင်နှုတ်ခမ်း​ထောင့်စွန်း​လေး​​တွေပိုင်ရှင်ကို ​တွေ့မြင်လိုက်ရ​တော့ အဖျားဒဏ်​ကြောင့် နုံးချိ​နေတဲ့ လူဟာလည်း ရွှင်ပျလာ​လေရဲ့။

ခါတိုင်းထက် ပို​အေးစိမ့်သလိုရှိတဲ့ ရာသီဥတု​
ကြောင့် ဝတ်ဆင်ထားတဲ့ ခပ်ထူထူအ​နွေးထည်က သူ့အကြိုက်အဝါ​ရောင်​မို့လို့လားမသိ သူနဲ့အ​​တော်လေးလိုက်ဖက်​နေတယ်။

" ဖျား​နေပြီမလား "

ပူခြစ်​နေ​လောက်တဲ့ နှဖူးထက် လက်​​လေးတစ်ဖက် အသာ​အယာ သက်ဆင်းလာတယ်။

" တကယ်ဖျား​နေတာပဲ။ ​ဆေးခန်းမသွားဘူးလား "

" မနက်က သွားထားတယ်။ အိမ်ထဲဝင်​လေ Renjun "

" ငါ ခွင့်တိုင်​ပေးထားတယ်​နော်။ မြန်မြန်​​နေ​ကောင်းအောင်လုပ်ပြီး ​ကျောင်းပြန်တက်ဦး "

" အင်းပါ။ Huang Renjunတို့ ငါကိုစာပြန်ရှင်းပြ
လို့ရ​အောင် ​ကျောင်းမှာ စာ​သေချာနား​ထောင်​ဦး​နော်"

​က​လေးစိတ်မ​ပျောက်​သေးတဲ့ Renjunဟာ
ခေါင်း တသွင်သွင်ခါရင်း လျှာထုတ်ပြ​နေတယ်။

စားပွဲခုံ​ပေါ်တင်လိုက်တဲ့ ပါဆယ်ထုပ်​လေးက ကျွန်​တော့်ဖို့မှန်း ​တပ်အပ်​ပြောနိုင်​နေတဲ့အတွက် ပြုံးလိုက်မိတယ်။

တကယ်ပဲ Renjunနဲ့ဆိုရင် အ​သေးအမွှား​လေး​တွေကအစ ကျွန်​​တော့်အတွက် ​ပျော်ရွှင်ကြည်နူးစရာကောင်း​နေတယ်​လေ။

" ကြက်စွပ်ပြုတ်ဝယ်လာတယ် "

" ကြက်စွပ်ပြုတ်မကြိုက်ဘူး​လေ "

ခပ်​သေး​သေးလက်သီးဆုပ်​ကို ထောင်ပြ​နေတဲ့ Renjunပုံစံဟာ ​နေမ​​ကောင်းရင်လည်း ညှာမယ့်ပုံမ​ပေါ်။

" ဦး​လေးတို့​ရော "

" အပြင်သွားတယ်။ ဒိတ်လုပ်​ကြမလို့​တဲ့လေ "

" ဒါဆိုငါက လူမမာ​စောင့်​ပေးရမှာ​ပေါ့ "

​​ပြန့်ကျဲ​နေတဲ့ ​ဖောက်ပြီသားမုန့်ထုပ်​​​တွေထဲ တစ်ခုပြီးတစ်ခု အဆက်မပြတ်စား​သောက်​နေတဲ့ သူက လူမမာ​စောင့်​ပေး​နေတာနဲ့​တောင် မတူဘူး။

Can I Call You Mine ? (Completed )Where stories live. Discover now