Part - 8

432 48 12
                                    

Lee Jeno's POV

စုံညီပွဲ​တော်​ကြောင့်သိပ်ကို စည်ကား​နေ​လောက်ပြီဖြစ်တဲ့ ​ကျောင်း​တော်ကြီးဆီမဝင်​သေးဘဲ Renjunကို ရပ်​စောင့်​နေမိတယ်။

Renjunနဲ့သာဆိုရင် ချိန်းဆိုထားတဲ့​နေရာကို မိနစ်အစိတ်​လောက် အလိုကတည်းက ရောက်​လေ့ရှိ​တတ်တာ ကျွန်​တော့်အကျင့် ဖြစ်​နေပြီ။

အမြဲ လိုတာထက် အချိန်​စော​​စော​ရောက်​အောင် သွား​လေ့ရှိပြီး Renjunအလာကို ​ပျော်ရွှင်စွာနဲ့စောင့်​မျှော်​နေတဲ့ အချိန်​တွေကို ​ပေါင်းလိုက်ရင် ၅ရက်​လောက်ရှိမလား။

လသာတဲ့ည​တွေမှာ ကျွန်​တော့်ရဲ့ အိမ်​ခေါင်မိုးထပ်က​နေ ၂​ယောက်သား ကြယ်​တွေကို ​ရေတွက်ကြည့်ခဲ့ဖူး​တဲ့ အချိန်​တွေ ...

သူ​ပျော်ရွှင်​နေတဲ့အချိန်​တွေမှာ ဖြစ်တည်လာတဲ့ Renjunရဲ့အပြုံး​​တွေဟာ နှစ်လိုဖွယ်ရှိလွန်းလို့ ဘယ်သောမဆို ​သ​ဘောတကျနဲ့ ငေးကြည့်ခဲ့တဲ့အချိန်​တွေ ...

သိပ်ကိုဝမ်းနည်းစရာ​​ကောင်းတဲ့အဖြစ်အပျက်တွေနဲ့ ကြုံကြိုက်တဲ့အခါ ကျွန်​တော့်ဆီလာပြီး ဖွင့်ဟငိုရှိုက်​တတ်တဲ့ Renjunကို ရင်ခွင်ထဲမှာ ​ပွေ့ဖက်​ပေးထားရင်း နှစ်သိမ့်​ပေးခဲ့တဲ့အချိန်​တွေ ...

" သူငယ်ချင်းတစ်​ယောက် " ဆိုတာထက် ပိုမှန်းသိလာ​တော့ သူ့မျက်နှာ​လေးကို ​သေချာကြည့်ပြီး ဖွင့်​ပြောလိုက်ချင်​ပေမယ့်လည်း နှလုံးသားကိုအလိုမလိုက်ဖို့ ကိုယ့်ကိုယ်ကိုယ် အချက်ပြသတိ​ပေးခဲ့ရတဲ့ အခိုက်အတန့်​တွေ ...

ဒီလို အချိန်တွေကို ​ပေါင်းလိုက်ရင်​ရော .. ရလဒ်က ဘယ်လောက်ဖြစ်နိုင်မလဲ။

" Jeno .. "

​ကျောပြင်ဆီက အထိအ​တွေ့​ကြောင့် ​​နောက်လှည့်ကြည့်လိုက်​တော့ အဖြူ​ရောင်တီရှပ်​ပေါ်မှာ ခပ်ပွပွ ဂျင်းအ​နွေးထည်ကို ထပ်ဝတ်ထားပြီး ကြည့်​ကောင်းတာထက် အများကြီးပိုတဲ့ Renjunnie က ပြုံးပြ​နေ​လေရဲ့။

ပန်းနု​ရောင်ဂါဝန်နဲ့ လှပ​နေတဲ့ Haruလက်ကို တွဲထားရင်းနဲ့​ပေါ့။

" သွားမယ်​လေ Jeno "

ပြိုင်ပွဲ​တွေနဲ့စည်ကား​​နေတဲ့ ​နေရာ​တွေကို မသွားဖြစ်ဘဲ ​ကျောင်းဥယျာဥ်ထဲမှာပဲ ကျွန်​တော်တို့၂​​ယောက်သား ထိုင်​နေဖြစ်တယ်။

Can I Call You Mine ? (Completed )Where stories live. Discover now