Ending

815 60 17
                                    

Huang Renjun's POV

မနက်ဖြန်ဆို Jeno​​ဆေးရုံဆင်းရမယ့် ​နေ့​လေး​ရောက်ပြီ။

ကျွန်​တော့်ဘဝ​လေးထဲကို ​ပျော်ရွှင်စရာ​နေ့​ရက်တွေ တဖန်ပြန်​ရောက်လာခဲ့တာ သူစတင်လို့သတိရလာတဲ့​ နေ့​လေးကတည်းက​ပေါ့။

" ​ဆေးရုံဆင်းရတာ Jeno​လေ။ မင်းကသူ့ထက်ပိုပျော်​​နေတာပဲ "

" သူကငါ့အချစ်ဆုံး .. သူငယ်ချင်း​လေ Jaeminရဲ့"

" သူငယ်ချင်း " တဲ့.. သည်အသုံးအနှုန်းကို ကျွန်​တော် ဘယ်အချိန်အထိ ဆက်အသုံးပြုနေရမှာလဲ။

ကျွန်​​တော့်ဘက်က စပြီးဖွင့်​ပြောလိုက်ချင်​ပေမယ့် စာတိုထက်မှာ ​သူကျွန်​တော့်ကို ချစ်ခွင့်ပန်ချင်တယ်ဆိုတဲ့ သူ့ဆန္ဒကို ​ရေးသားထားပြီးသားဖြစ်တာ​ကြောင့် ငြိမ်​နေရတယ်။

ကျွန်​တော့်ကို လက်ပြနှုတ်ဆက်ပြီး ထွက်ခွာသွားတဲ့ Jaemin ကိုကြည့်ရင်း အခန်း​လေးထဲဝင်လာလိုက်တယ်။

" Jeno ထမင်းမစား​ရသေးဘူးလား "

စားပွဲခုံထက်က ထမင်းဘူးကို လက်ညှိုးထိုးပြရင်း​မေး​တော့ ကိုယ်​တော်​ချောက ဘာ​ကြောင့်မှန်းမသိ စူပုတ်​နေ​လေရဲ့။

" ဘယ်သွား​နေတာလဲ "

" Jaemin ကလမ်းကြုံလို့​ဆေးရုံလာ​တွေ့တယ်​လေ။ သူနဲ့ ​နေ့လည်စာသွားစားလိုက်တာ "

" ငါက မင်း​ဘေးမှာမရှိလို့ ​စောင့်​နေတာ​ "

Jenoတစ်​ယောက် သည်ရက်ပိုင်း က​လေးလိုပြုမူလာတယ်။

မှုန်ကုတ်​နေတဲ့ မျက်နှာ​လေးကိုကြည့်ရင်း ပြုံးမိ​တော့ မျက်ခုံးပင့်ပြလာပြန်တယ်။

" ဘာရယ်တာလဲ "

" ဘာမှမဟုတ်ဘူး။ အခု ငါလာပြီ​လေ ထမင်းစား​တော့ "

" စားချင်စိတ်မရှိဘူး "

" မစားချင်လို့မရဘူး​လေ "

ဇွန်းနဲ့ စားစရာ​အချို့ကိုခပ်ပြီး ကမ်း​ပေး​တော့ ကျွန်​တော့် လက်ကိုင်ဝတ်ကို ဆုတ်ကိုင်လိုက်ပြီး သူ​ရှေ့တိုးလာတယ်။

ခွံ့​ကျွေးသလို ဖြစ်သွား​စေချင်ပါတယ်​​ပေါ့။

​ထမင်းဘူးကိုလှမ်း​ပေးလိုက်​တော့ ​ခေါင်းကိုတသွင်သွင်ခါပြ​နေ​သေးတယ်။

Can I Call You Mine ? (Completed )Where stories live. Discover now