Lee Jeno's POV
တံခါးလက်ကိုင်လေးကို တွန်းဖွင့်လိုက်တော့ ရှုပ်ပွနေတဲ့ အခန်းက ကြိုဆိုနေတယ်။
ကြမ်းပြင်ပေါ်ထိုင်နေရင်း ခပ်ထူထူစောင်ကို ခေါင်းကနေ ခြုံထားတဲ့ Renjunရဲ့ လက်မှာ မုန့်ထုပ်တွေကိုယ်စီနဲ့။
Huang Renjunရဲ့ တစ်ကိုယ်တော် အသည်းကွဲခန်းပေါ့။
" ဘာလုပ်ဖို့လာတာလဲ "
" အသည်းကွဲနေတဲ့ သူငယ်ချင်းကိုလာကြည့်တာ။ လူတွေ ဘယ်လို အသည်းကွဲကြလဲ သိချင်လို့ "
"အသည်းကွဲတာထက် အနားမှာ ရှိနေတဲ့သူက ခွဲခွာတော့မယ်ဆိုတော့ ဝမ်းနည်းတာပါ "
စူထော်စပြုနေပြီဖြစ်တဲ့ နှုတ်ခမ်းတို့ကြောင့် ပြုံးရင်း တစ်သျှူးတစ်ရွက်ကို လှမ်းယူပြီး နှုတ်ခမ်းထောင့်စွန်းက ချောကလတ်တွေကို သုတ်ပေးဖြစ်တယ်။
" အခန်းထဲမှာပဲ မနေနဲ့လေ .. ရော့ "
" ဘာကြီးလဲ "
" ရုပ်ရှင်လက်မှတ် "
" မလိုက်ချင်ဘူး "
သူ့ရဲ့ဝမ်းနည်းမှုတွေကို ဖြေဖျောက်ပေးချင်တဲ့စိတ်နဲ့ ဝယ်ဖြစ်ခဲ့တဲ့ လက်မှတ်တွေကို ကြည့်ရင်း ခပ်ပြတ်ပြတ်ပဲ ငြင်းနေတဲ့ Renjun ဟာ သိပ်ခံစားနေရတယ်ထင်တယ်။
ပျော်ရွှင်စရာတွေပဲ ဖန်တီးပေးချင်သူမို့လို့ သူ့ရဲ့ ဝမ်းနည်းစရာတွေကို ကျွန်တော်လည်း အတူတူလက်ခံလိုက်ချင်ပါရဲ့။
" ဒီလိုလုပ် Renjun .. ရုပ်ရှင်ရုံကို စက်ဘီးကိုယ်စီနဲ့သွားရအောင်။ စက်ဘီးစီးပြိုင်ပြီးတော့ ရုပ်ရှင်ရုံဆီ အရင်ရောက်တဲ့သူက အနိုင် "
" နိုင်တဲ့သူက ရှုံးတဲ့သူဆီက လိုချင်တာတောင်းကြေးလား "
" မင်းသဘောပဲ "
" မင်းက တစ်ချိန်လုံး စက်ဘီးနင်းဖြစ်နေတာလေ jeno။ ငါက စက်ဘီး မနင်းတာတောင်ကြာပြီ "
" မပြိုင်ချင်လည်းနေပေါ့။ မသွားတော့ဘူး "
လက်ကောက်ဝတ်က အထိအတွေ့လေးကြောင့် ပျော်ရွှင်သွားရပြန်တယ်။
YOU ARE READING
Can I Call You Mine ? (Completed )