Part - 7

440 51 11
                                    

Lee Jeno's POV

ရက်သတ္တပတ်မှာ ​ကျောင်းဖွင့်ရက်​တွေ​ တဖန်
အလှည့်ကျလာတိုင်း ငြီးငြူ​တတ်ကြတဲ့ ​ကျောင်းသား​​တွေထဲ ကျွန်​​တော်မပါဘူး။

ကျွန်​​တော့်အတွက်​​တော့ ​ကျောင်းဖွင့်ရက်တွေဟာလည်း ​ပျော်ရွှင်စရာပါပဲ။

" အ "

နှဖူးထက်ဆီက နာကျင်မှု​တွေ ​ပျောက်ကင်းသွား​အောင် လက်နဲ့ ခပ်မြန်မြန် ​ချေပွတ်လိုက်တယ်။

" Lee Haechan .. "

" အမြင်ကပ်လို့ ​ခေါက်တာ။ Huang Renjunက သူ့ဘာသာသူ ငြိမ်ငြိမ်​လေးထိုင်ပြီး YangYangနဲ့ စကား​ပြော​နေရင်းလည်း ပြုံးပြုံးကြီးထိုင်ကြည့်​နေတာပဲလား "

" မင်းက အချစ်ကိုမှ မခံစားတတ်တာ Lee Haechanရဲ့ "

" ဟုတ်ပါပြီ။ မင်းပဲခံစား​နေပါ အဲ့ဒီအချစ်ကို။ Huang Renjunကလည်း အူ​ကြောင်​ကြောင်နဲ့။ ဒီ​လောက် နှစ်​ပေါင်းများစွာ သူ့ကိုပဲကြည့်​နေတဲ့ လူအ​ကောင်လိုက်ကြီးကို နည်းနည်း​တောင်မရိပ်မိဘူးလား "

Haechan ရဲ့မှတ်ချက်အတွက် ကျန်​တော့်မှာ ခွန်းတုံ့ပြန်စရာ စကားမရှိတာ​ကြောင့် ပခုံးပဲတွန့်ပြလိုက်တယ်။

" ဒါနဲ့ ​သန်ဘက်ခါဆို ​ကျောင်းမှာစုံညီပွဲ​တော် ရှိတယ်တဲ့​နော် "

" ဘာလုပ်ရမှာလဲ "

" သွားမှာလားလို့ "

" Renjunကို ​မေးလိုက်ဦးမယ် "

" ​အေးပါကွာ။ ​​မေးမိတဲ့ငါပဲ မှားတာပါ "

​ကျောင်းမုန့်​စျေးတန်းမှာ မ​တွေ့မိတဲ့ Renjunက ​ခေါင်မိုးထပ်မှာလည်း ရှိမ​နေပြန်။

တစ်​နေရာမှာ ရပ်တန့်သွားလိုက် ၊ ခပ်မြန်မြန် ပြန်လှုပ်ရှားသွားလာလိုက် ဖြစ်​နေတဲ့ ​ခြေလှမ်း​တွေ​​ကြောင့် လူ​တောင် ​မောပန်းလာသလို။

စာကြည့်တိုက်မှာလည်း မမြင်မိလို့ ပြန်ဆင်းမယ်အလုပ်မှာ အမြင်အာရုံထဲ ​​ဖြတ်ခနဲ​ပြေးသွားတဲ့အရိပ်​လေးတစ်ခု။

တံခါးကို တွန်းဖွင့်ကြည့်လိုက်​တော့ အမှန်တကယ်ပဲ ကျွန်​တော် ရှာ​ဖွေ​နေတဲ့သူဖြစ်​နေခဲ့တယ်။

Can I Call You Mine ? (Completed )Where stories live. Discover now