Huang Renjun's POV
ရေလှိုင်းငယ်တို့ လိမ့်တက်နေတဲ့ ကမ်းစပ်မှာ ရပ်နေရသော်ငြား ထူးဆန်းစွာနဲ့ နွေးထွေးမှုကိုသာ ခံစားနေရတယ်။
" Renjun "
ပခုံးသားဆီက အထိအတွေ့ကြောင့် ကျွန်တော် လှည့်ကြည့်လိုက်တယ်။
သူ .. လခြမ်းပုံစံ မျက်ဝန်းကွေးတွေနဲ့ ပြုံးရယ်ပြနေတဲ့သူ။
" Jeno "
ပျော်ရွှင်စွာနဲ့ ပွေ့ဖက်လိုက်တော့ သူ သဘောတကျရယ်တယ်။
" လွမ်းလိုက်ရတာ .. ငါသိပ်လွမ်းနေတာ သိရဲ့လား "
ကျွန်တော် တိုးဝင်လိုက်တဲ့ ရင်ခွင်ကျယ်ဟာ လေပြင်းတစ်ချက်အပွေ့မှာ ပျောက်ကွယ်သွားရတယ်။
" Jeno .. "
အထိတ်တလန့်နဲ့ နိုးထလာခဲ့တော့ ဒါဟာ အိမ်မက်တစ်ခုဖြစ်နေခဲ့တာပါပဲ။
စိုစွတ်နေတဲ့ ကျွန်တော့်ပါးပြင်ကို စမ်းကြည့်တော့ မျက်ရည်ကြည်အချို့ ပါလာလေရဲ့။
ဘတ်(စ်)ကားပေါ်က တချို့သောသူတွေရဲ့အကြည့်ကို လျစ်လျူရှုရင်း ကောင်းကင်ပြာဆီပဲ မျက်နှာမူထားလိုက်တယ်။
သည်အိမ်မက်ဟာ ကောင်းတဲ့လက္ခဏာလို့ပဲယူဆချင်တယ်။
၁နှစ် ...
Jeno အိပ်စက်အနားယူနေခဲ့တာ ၁နှစ်တောင် ကြာမြင့်သွားခဲ့ပြီ။
သို့သော်ငြား ကျွန်တော် စိတ်မလျှော့ခဲ့ဘူး။
သူ သတိရလာမှာပါ။
သည်စိတ်နဲ့ပဲ ကိုယ့်ကိုယ်ကိုယ်ဖြေသိမ့်ရင်း နေ့ရက်တွေကို Jeno မရှိဘဲ ဖြတ်ကျော်ခဲ့ရတာပေါ့။
ကျွန်တော် အခုဆို အထက်တန်းတောင် ပြီးပြီ။
Jeno ကျွန်တော့်ကို ဖြစ်စေချင်သလို တက္ကသိုလ်ကောင်းမှာ တက်ခွင့်ရအောင် ကြိုးစားဖြစ်ခဲ့တယ်။
Jenoကို အခုထိ သတိမေ့မြောစေခဲ့တဲ့ တရားခံလည်း ထောင်ဒဏ် အပြစ်ကျသွားပြီ။
ရာထူးကြီးတစ်ယောက်ရဲ့ သားပေမယ့် သူကိုယ်တိုင် တရားရုံးမှာ ဝန်ခံလိုက်တော့ ပိုလွယ်ကူသွားခဲ့တယ်။
YOU ARE READING
Can I Call You Mine ? (Completed )