Part - 11

450 53 16
                                    

Huang Renjun's POV

" နင့်ကိုအမြဲ သ​​ဘောတကျနဲ့ကြည့်​နေတတ်တဲ့ မျက်ဝန်းတစ်စုံကို ပြန်လှည့်ကြည့်​ပေးလိုက်ဦး "

Haru ရဲ့ စကား​​​တွေကို တဖန်ပြန်ကြား​ယောင်ရင်း စဥ်းစားခန်းဖွင့်ဖြစ်တယ်။

" Renjun "

​ဘေးမှာ လာထိုင်တဲ့ YangYangကို စိတ်မပါလက်မပါနဲ့ ကြည့်လိုက်​တော့ စာတစ်​စောင် ကမ်း​ပေးလာတယ်။

" ဘာကြီးလဲ "

" Kim Sung ​ပေးခိုင်းလိုက်တာ "

" မင်းကိုမုန့်​ကျွေးလို့မလား။ မုန့်စားရတာနဲ့ပဲ ​အောင်သွယ်​​တော် လုပ်​နေတယ် "

Haru ​ကျောင်းထွက်ပြီးသွားတာနဲ့ တစ်ပြိုင်နက် ​အရင်ကလို စာ​တွေ ၊ ​​ချောကလတ်​တွေ ပြန်လက်ခံရရှိလာပြန်တဲ့ ကျွန်​တော့်ကို ဘာ​တွေများ သည်​လောက်​တောင် သ​ဘောကျကြတာလဲ လို့​တောင် ​တွေးယူရတယ်။

" ဒါနဲ့ Kim Sung ဆိုတာ ဘယ်အခန်းကမိန်းက​လေးလဲ YangYang "

" မိန်းက​လေးမဟုတ်ဘူးကွ။ ​ယောကျ်ား​လေး "

" ဘာ .. ​ယောကျ်ား​လေး ။ ဒီစာက ငါ့ကို​ပေးတာ​ရော ဟုတ်ရဲ့လား "

" ​ယောကျာ်း​လေး အချင်းချင်း သ​ဘောကျလို့မရဘူးလား "

Haru ​ပြောတဲ့သူက သည်တစ်​ယောက်များဖြစ်​နေတာလား။

"  အဲ့ဒီလိုလည်း မဟုတ်ပါဘူး။ မသိဘူး ငါ ​ခေါင်းကိုက်​နေတယ်။ ဘယ်လိုပဲဖြစ်ဖြစ် မုန့်စားရတိုင်း ဒီစာ​တွေ မယူ​လာခဲ့နဲ့​တော့ ​နောက်တစ်ခါ "

" ​အောင်မယ်​လေး ကြီးကြီးကျယ်ကျယ်။ ငါက ကူညီ​ပေး​နေတာကို "

​ခေါင်း​နောက်ဘက်က​နေ ခပ်ဖွဖွရိုက်လိုက်​ပေမယ့် ရုတ်တရတ်​​ကြောင့် ​မှောက်သွားတဲ့ ​​ခေါင်းဟာ စားပွဲခုံနဲ့ တိုက်မိ​တော့မလို။

သို့​သော်ငြား ခံစားလိုက်ရတဲ့ အထိအ​တွေ့ဟာ နာကျင်မှုလည်း မဟုတ်​နေပြန်ဘူး။

ပိတ်ထားတဲ့ မျက်လုံးတို့ကိုဖွင့်လိုက်​တော့ နဖူး​ရှေ့မှာ ကာ​ပေးတဲ့ လက်ဖဝါးတစ်ဖက်။

" နာသွားလား Renjun "

​" ​ Lee Jeno ​ရေ မကဲပြပါနဲ့​နော်။ ငါ ရိုက်လိုက်တာ ဖြည်းဖြည်း​လေး "

Can I Call You Mine ? (Completed )Where stories live. Discover now