Huang Renjun's POV
ဆေးရုံထဲကို ပြေးလွှားရင်းဝင်လာတာကြောင့် ဥဒဟိုသွားလာလှုပ်ရှားနေကြတဲ့သူတွေက ထူးဆန်းထွေလာတစ်ခုလို ကျွန်တော့်ကို ဝိုင်းကြည့်နေကြတယ်။
ပါးပြင်ကိုဖြတ်ကျော်ပြီး စီးဆင်းလာတဲ့မျက်ရည်တွေကို မသုတ်နိုင်သေးတဲ့ကျွန်တော်ဟာ ကမ္ဘာပျက်နေသလိုပဲ။
" ဘာအလိုရှိလို့လဲ "
" Jeno .. Lee Jeno "
" မနေ့က ကားအက်ဆီးဒင့်ကြောင့်ရောက်လာတဲ့လူနာလား .. အထူးကြပ်မတ်ကုသဆောင်ကနေ အခန်းနံပါတ် ၁၀၃ကိုရောက်သွားပြီ "
ယိုင်လဲတော့မလိုဖြစ်နေတဲ့ ခြေထောက်အစုံဟာ အခန်းရှေ့မှာ ရပ်တန့်သွားတယ်။
မှန်တံခါးကနေ အထဲကို ဖောက်ထွင်းမြင်နေရတယ်။
ငိုယိုနေတဲ့ Jeno မိဘတွေ ၊ ကျွန်တော့်မိဘတွေ ၊ Lee Haechan ..
ည၁၁နာရီလောက်မှာ မေမေတို့ ဖုန်းဆက်ပြောလာတဲ့ သတင်းဟာ ကျွန်တော့်ရင်ကို ဓါးနဲ့ခွဲချလိုက်သလိုပဲ။
" Jeno ကားတိုက်ခံရတယ်" တဲ့လေ။
တစ်ကိုယ်လုံးမှာရှိတဲ့ အားတွေဆုတ်ယုတ်သွားကုန်သလို ဖြစ်နေတဲ့ ကျွန်တော် မှန်တံခါးကို တွန်းဖွင့်လိုက်တယ်။
ခုတင်ပေါ်မှာ လဲလှောင်းနေတဲ့ Jeno ...
ဒါဟာ အိမ်မက်ဆိုးတစ်ခုဖြစ်ပါစေ လို့ဆုတောင်းနေမိတဲ့ ကျွန်တော့်ဆုတောင်းတွေ မပြည့်ဝလာခဲ့ဘူး။
" Renjunလေး လာပြီ။ Renjunလေးရေ .. အန်တီ့သားလေး ..ကိုကြည့်ပါဦး "
ကျွန်တော့်ကို ပွေ့ဖက်ရင်း ငိုနေတဲ့ အန်တီ့ကို ဘယ်လိုနှစ်သိမ့်ရမှာလဲ ကျွန်တော်မသိဘူး။
" ခွဲစိတ်မှုအောင်မြင်ပေမယ့် မနေ့ကတစ်ညလုံးစောင့်နေခဲ့တာ ဒီနေ့နေ့လယ် ..အခုအချိန်အထိ သတိမရလာသေးဘူး။ ဒီပုံစံအတိုင်းဆိုJenoလေးက ကိုမာဝင်သွားတော့မှာတဲ့ "
ဒဏ်ရာတစ်ခုအတွက်ချုပ်ထားရတဲ့ ချုပ်ရိုးတွေအကုန် ပြုတ်ထွက်သွားကြသလို ...
YOU ARE READING
Can I Call You Mine ? (Completed )