Huang Renjun's POV
စတုတ္ထအကြိမ်မြောက် ပြောင်းထားတဲ့ နှိုးစက်က တဖန်ပြန်ပြီး မြည်ဟီးလာတယ်။
သည်တစ်ခါတော့ ထသင့်နေပြီ။
ကျောင်းတက်ချိန် အတော် ကျော်သွားပြီမှန်း သိတယ်။
သို့သော်ငြား အခု ကျွန်တော့်အသိဥာဏ်ထဲမှာ ဗြန်းဆန်သတ်နေတဲ့အရာက ကျောင်းတက်ချိန် မဟုတ်ဘဲ အိမ်မက်တစ်ခုဖြစ်နေတယ်။
အိမ်မက်ထဲမှာ ကျွန်တော့်ကို လူတစ်ယောက်နမ်းနေခဲ့တယ်။
အစကတော့ ဘယ်သူမှန်းမသိသာပေမယ့် သူဟာ Jeno အဖြစ်ပြောင်းသွားခဲ့တယ်။
အိမ်မက်အကြောင်းတွေးလိုက်ရင် ဖြစ်ပေါ်လာတဲ့ ခံစားချက်တွေက အမည်ဖော်ပြရခက်တယ်။
ရင်ခုန်သံတွေလည်း မြန်ဆန်လာသလို။
ဘယ်လိုတောင် အဓိပ္ပါယ်မရှိလိုက်တဲ့ အိမ်မက်မျိုးလဲ။
မဝံ့မရဲနဲ့ နောက်ထပ် ဝန်ခံစရာတစ်ခုဟာ အိမ်မက်တစ်ခုဆိုတာထက် ပိုပြီး လက်တွေ့ဆန်သလိုဖြစ်နေခဲ့တာပဲ။
စိတ်ပျက်လက်ပျက်နဲ့ ခေါင်းအုံးကို ခုတင်အောင်
လွှင့်ပစ်မိတယ်။အိမ်မက်ကို စိတ်တိုတာက ၅၀ရာခိုင်နှုန်း ၊ ကျန်တဲ့ ၅၀ရာခိုင်နှုန်းကတော့ ကိုယ့်ကိုယ်ကိုယ်ပြန် ဒေါသဖြစ်မိနေတာ။
Jeno ဆိုတာ ကျွန်တော့် ငယ်သူငယ်ချင်းအရင်းတစ်ယောက်ပဲလေ။
Jeno သာ ကျွန်တော့်အဖြစ်ကိုမြင်ရင် ဘယ်လိုနေမလဲ။
ပွင့်သွားတဲ့တံခါးနောက်မှာ မားမားဝင်လာတယ်။
" ထပြီပေါ့ အခုတော့ "
ကြမ်းပြင်ပေါ်မှာ နေရာရနေတဲ့ ခေါင်းအုံးလေးဟာ ကျွန်တော့် ခေါင်းထက်ရောက်လာတယ်။
" အသက် ၁၈နှစ်တောင် မပြည့်ဘဲ အရက်သောက်ရလား "
" မား ကျွန်တော်အရက်မသောက်ဘူး။ အအေးနဲ့ မှားသောက်တာ "
" မှားစရာလား ။ မသောက်ခင် သေချာကြည့်ရမှာပေါ့။ အခု ကျောင်းနောက်ကျပြီ။ နောက်ပြီးမနေ့က Jeno လေးခမျာ သားကို ပွေ့ခေါ်လာရတာ။ အားနာဖို့ကောင်းလိုက်တာဆိုတာ "
YOU ARE READING
Can I Call You Mine ? (Completed )