Part - 3

552 56 23
                                    

[ Unicode ]

Lee Jeno's POV

Renjunမှာ ချစ်သူမိန်းက​လေးရှိသွား​ပေမယ့်လည်း ကျွန်​တော့်ခါးကိုဖက်တွယ်ရင်း စက်ဘီး​လိုက်စီးတတ်တဲ့ အ​လေ့အကျင့်က​တော့ မ​ပျောက်သွားရှာဘူး။

ဒီအတွက်​တော့ ကျွန်​​တော်​ကျေနပ်မိပါတယ်။

​ကျောင်း​ပေါက်ဝက​နေ သူ့မိန်းက​လေးနဲ့ ​ရွှေလက်တွဲရင်း ​ကျောင်း​တော်ကြီးဆီဝင်သွားတတ်တဲ့ Renjunကို ကျွန်​တော့်ချစ်သူအဖြစ် စိတ်ကူးယဥ်မိတဲ့ ကျွန်​​တော်ကပဲ စည်း​ကျော်ချင်မိခဲ့တာပါ။

" Jeno ​စောင့်ရတာကြာသွားလား။ ငါညက Haruနဲ့ ဖုန်း​ပြောတာကြာသွားလို့ အိပ်ရာဝင်​နောက်ကျသွားတာကွာ "

အိမ်ခြံဝန်း​ရှေ့ စက်ဘီး​လေးတစ်စီးထက် ရပ်​စောင့်​နေတဲ့ ကျွန်​တော့်ကို ​တောင်းပန်စကားအ​နေနဲ့ ​​ပေးလာတဲ့ အ​ကြောင်းပြချက်က နာကျင်​စေတာ​တော့ အမှန်ပဲ။

ဒါ​ပေမယ့်လည်း နာကျင်မှု​တွေကို ရင်ထဲကြိတ်မှိတ်သိမ်းဆည်းထားရင်း ဘာမှမဖြစ်သလို ဟန်​ဆောင်ပြတာက ကျွန်​​တော့်အကျင့်တစ်ခုလိုဖြစ်​နေပြီ။

" မင်းတို့အတွဲ​တွေက​တော့ ဒီလိုပဲ​​ပေါ့ကွာ။ ဒါနဲ့ ​ကျောင်းပိတ်ရက်မှာ ဘယ်သွားချင်လို့လဲ "

" အပြင်ထွက်လည်ကြရ​အောင်​လေ။ အတူတူမထွက်ရတာကြာပြီ "

အရုပ်တန်းမှာ အ​မွေးပွအရုပ်​လေး​တွေကို တစ်ရုပ်ကိုင်တစ်ရုပ်ချလုပ်​နေ​​လေရဲ့။

မသိမသာစူ​ထော်​နေတဲ့နှုတ်ခမ်းနှစ်လွှာက စိတ်တိုင်းမကျမှုကိုပြ​နေတယ်။

" ၁၈နှစ်​ရောက်​နေပြီ။ အရုပ်ဝယ်တုန်းလား Renjun "

" ၁၈နှစ်က အရုပ်မဝယ်ရဘူးလို့ ဥပ​ဒေထုတ်ထားလို့လား။ ငါ့အတွက်​ရွေး​နေတာမဟုတ်ဘူး။ Haruအတွက် ​မွေး​​နေ့လက်​ဆောင်​လေ "

ကျွန်​​တော် သိလိုက်ပါပြီ။ ကျွန်​​တော်နဲ့အတူတူ ​လျှောက်လည်ချင်လို့မှ မဟုတ်ဘဲ သူ့မိန်းက​လေးအတွက် တမြတ်တနိုးလက်​ဆောင်ဝယ်​ပေးချင်လို့ ​​လေ။

Can I Call You Mine ? (Completed )Where stories live. Discover now