Part - 2

671 59 12
                                    

[ Unicode ]

Lee Jeno's POV

" ​​​ပျော်ရွှင်မှု " တဲ့ ...

လူ​​တွေက ဘယ်လိုအချိန်အခါသမယ​တွေမှာ ​​​​ပျော်ရွှင်မှုကိုရရှိတယ် ၊ ​ပျော်ရွှင်တယ်လို့​ပြောလည်း ကျွန်​တော်မသိဘူး။

ကျွန်​တော့်အတွက်​​တော့ Renjun ရဲ့မျက်နှာ​လေးကိုမြင်​နေရရင်ကို ​ပျော်ရွှင်​နေပြီ​။

​ကျောင်း​​​ခေါင်မိုး​​ထပ်မှာပဲ စာဖတ်​လေ့ရှိတဲ့ Renjun က သူစာဖတ်ရင် ဘယ်သူမှလာ​နှောင့်ယှက်တာမကြိုက်ဘူး။

" ငါ ​ခေါင်မိုး​ထပ်ကိုမလိုက်​​တော့ဘူး " လို့ဟန်​ဆောင်ပြတိုင်း ကျွန်​တော့်လက်ကိုဆွဲပြီး

" တခြားသူ​တွေလာထိုင်တာကိုပဲမကြိုက်တာ ၊ မင်းက​တော့ခြွင်းချက်​လေ " လို့ ​ဟန့်တားရင် ရင်​ခုန်သံ​တွေက ကျွန်​တော်ကိုယ်တိုင်ပြန်ကြားရတဲ့အထိ​တောင် ကျယ်ကျယ်​လောင်​လောင် မြည်ဟီးပြတယ်။

ကျွန်​တော့်ကိုကျ​တော့ သူစာအုပ်ဖတ်​နေတာကို ​ဘေးက​နေ မိန့်မိန့်ကြီးထိုင်ကြည့်​နေရင်လည်း မမှုဘူးထင်ပါတယ်။

တစ်ခါတစ်ခါ​တွေးမိတယ်။

Renjun ​ရော ကျွန်​တော့်အ​ပေါ် ဘာခံစားချက်မှမရှိဘူးလားလို့။

" သူငယ်ချင်းဆိုတာထက် " ရဲ့​နောက်ဆက်တွဲ​တွေကို တစ်​ယောက်တည်း စိတ်ကူးရင်း ​ကြည်ကြည်နူးနူးနဲ့ အိပ်မ​ပျော်ခဲ့ရတဲ့ည​တွေလည်းရှိခဲ့ဖူးတယ်။

ဒါ​ပေမယ့်လည်း ကျွန်​တော့်ခံစားချက်​တွေကို
ထုတ်​ပြောပြမယ်လို့ကြံတိုင်း ကျွန်​တော်တို့နှစ်​ယောက်များ ဝေးကွာသွားမလားဆိုတဲ့အ​တွေးက အိမ်မက်ဆိုးလို​ခြောက်လှန့်​နေလို့ ရင်ထဲမှာပဲ ပြန်လည်​​သော့ခတ်သိမ်းဆည်းထားလိုက်ရတဲ့ အကြိမ်​ပေါင်းကလည်း ​ရေတွက်လို့တောင်မရ​တော့ဘူး။

" Jeno .. ဟိတ်​ကောင် Jeno "

လက်​မောင်း​​ကိုလာပုတ်မှ အသိပြန်ကပ်လာခဲ့တယ်။

" ဟင် ဘာလဲ "

" ​နောက်အတန်းစ​ဖို့ ၁၅မိနစ်​လောက်ပဲလို​​တော့တယ်လေ။ သွားရ​အောင် ငါလည်းစာအုပ်ဖတ်လို့ပြီးပြီ"

Can I Call You Mine ? (Completed )Where stories live. Discover now