Part - 5

503 56 17
                                    

Huang Renjun's POV

" ငါ့အ​မေကို ​ဆေးခန်းလိုက်ပို့ပေးရမယ် "

" ဆရာမခိုင်းထားလို့ အလယ်တန်းပန်းချီအတန်းကို ​စောင့်​ပေးရမယ် "

" ​ဘောလုံးနည်းပြက အချိန်ပို​လေ့ကျင့်ခိုင်း
ထားတယ် "

သည်ရက်ပိုင်းအတွင်း Jenoတစ်​ယောက် ကျွန်​​တော့်ရဲ့ အိမ်ပြန်လမ်း​တွေကို အထီးကျန်​စေ​နေတာ​​ပေါ့။

အလယ်တန်းဘဝကတည်းက သူ့စက်ဘီး​နောက်ကလိုက်ရင်း ​ကျောင်းသွား ၊ ​ကျောင်းပြန်ခဲ့တာ​တွေဟာ အ​လေ့အကျင့်တစ်ခုလိုဖြစ်​နေပြီ​လေ။

အားလပ်ရက်​တွေမှာလည်း ဘာ​တွေအလုပ်ရှုပ်​နေမှန်းမသိ သူတစ်​ယောက်တည်း တိုင်ပတ်​နေ​လေရဲ့။

သာမန်မဟုတ်ဘဲ တမင်​ရှောင်​ပြေး​နေမှန်း သိပါလျက်နဲ့ စိတ်အ​နှောင့်အယှက် ဖြစ်​စေမှာ စိုးထိတ်မိတဲ့အတွက် ထုတ်​ဖော်​မေးမြန်းခြင်းမပြုဖြစ်ခဲ့ဘူး။

ရန်ဖြစ်ခြင်း ၊ စကားများခြင်း တစ်ခုမှ မဖြစ်ခဲ့ပါဘဲ ဘာအ​ကြောင်းပြချက်မျိုးနဲ့ ​ရှောင်တိမ်း​နေလဲ စဥ်းစားရကျပ်ပြီး  စိတ်ထဲ ခိုးလိုးခုလုဖြစ်​နေမိတယ်။

ဒါတင်မက​သေးဘဲ နားလည်ရခက်တဲ့Jenoဟာ ကျွန်​တော့်အ​ပေါ် ​​ပြောဆိုဆက်ဆံပုံက အစ ရုတ်ချည်း​ပြောင်းလဲလို့သွားတယ်။

ဟင့်အင်း .. ကျွန်​တော်တို့၂​ယောက် စကား​တောင်သိပ်မ​ပြောဖြစ်ကြ​တော့ဘူး​​ပေါ့။

ကျွန်​တော့်ဘက်က ရယ်ရယ်​မော​မောနဲ့ စကားသွား​ပြောရင်​တောင် ​အေးတိ​အေးစက်ပဲ ပြန်​​ပြောတယ်။

စိတ်မပါလက်မပါ နား​ထောင်​ပေးတယ်။

သူ စိတ်ခုစရာ ဘာအမှားများ လုပ်မိလဲလို့ ​ဦး​နှောက်ကို ​သေချာ အလုပ်​ပေးပါ​သော်ငြား ဘာတစ်ခုမှ ​ရေ​ရေရာရာ မထွက်လာခဲ့တာ ပြသနာပဲ။

Jeno ဟာ​လေ လူကို အသည်းယားပြီး စိတ်တို​အောင်လုပ်တာ သိပ်ကျွမ်းကျင်လွန်းတယ်။

သူငယ်ချင်း​အရင်း​တွေပဲကို စိတ်မ​ကျေနပ်ရင် ပွင့်ပွင့်လင်းလင်း ​​ပြောဆိုရန်ရှာလိုက်လို့ မရဘူးလား။

Can I Call You Mine ? (Completed )Where stories live. Discover now