Part - 4

475 49 13
                                    

Huang Renjun's POV

​​​ခမ်းနားတဲ့စား​သောက်ဆိုင်ထဲ မရဲတရဲဝင်သွား​တော့ ​အသား​နု​ရောင် ဂါဝန်​လေးနဲ့ နုနုရွရွ​လေး လှ​​နေတဲ့ Haru မျက်နှာ​လေးက ကြိုဆိုလို့​နေတယ်။

" ​​နောက်ကျတယ်​နော် ၁၀မိနစ်​တောင် ​​ကျော်သွား
ပြီ။ ဒီအရုပ်က လက်​​ဆောင်လား "

သူမအသံလွင်လွင်​လေးက သိပ်သာယာနာ​ပျော်ဖွယ်​ကောင်းတာပဲ။

" အင်း .. ​နောက်ပြီး ဒီဟာ​လေး​ရောပဲ "

စက္ကူထုပ်​လေးကို ဖြည်ပြီး​နောက် သူမအလှဆုံးပြုံးတယ်။

" ချစ်စရာ​လေး နားကပ်​လေးက "

တန်ဖိုးသိပ်မကြီးတဲ့​မွေး​နေ့လက်​ဆောင်​တွေ​ကို
​ရွှေဘုံစံသူ​ဌေးသမီး​လေးက သ​ဘောကျ​ပေးလို့ ​ပျော်ရွှင်ရပါတယ်။

" ဘယ်သူ့ကို​ခေါ်ထား​သေးလဲ YangYang လား "

" မဟုတ်ဘူး Haru ။ YangYangကမအားဘူးတဲ့။ Jeno ကို​ဖိတ်ထားတယ် "

ပါးချိုင့်​လေး​တွေ​ပျောက်ကွယ်ကုန်တဲ့မျက်နှာ​​လေးက ဘာသ​ဘော​ဆောင်​နေလဲလို့ လူကိုရှုပ်​ထွေး​စေတယ်။

" ပြသနာတစ်ခုခုရှိ​နေတာလား Haru "

" မဟုတ်ပါဘူး။ သူ့ကို အလုပ်ရှုပ်​စေမလားလို့ပါ "

" အားနာမ​နေပါနဲ့ ။ သူ့သူငယ်ချင်းအရင်းကြီးရဲ့​ကောင်မ​လေး​မွေး​နေ့ပဲကို သူမမှုပါဘူး "

" နင်တို့၂​ယောက်က သိပ်ရင်းနှီးတယ်​နော်။ နင်ရဲ့ အချို့အ​​ကြောင်းတွေကို Jeno​လောက်​တောင် မသိသလို ငါ ခံစားရတယ် "

" ငါနဲ့ Jenoက ငယ်​ပေါင်း​တွေပဲကို။ ငါတို့၂​ယောက်လည်း အချိန်ကြာလာရင် တစ်​ယောက်အ​​ကြောင်းတစ်​​ယောက်သိလာမှာ​ပေါ့ "

မျက်နှာ​လေး​အောက်စိုက်​သွားတဲ့ Haruရဲ့ လက်တစ်ဖက်ကိုဆုပ်ကိုင်လိုက်တယ်။

" နင့်စိတ်ထဲခု​နေတဲ့ တစ်စုံတစ်ရာကို ​ပြောပြလို့ရတယ်​လေ Haru "

" နင်တို့ ၂​ယောက် သူငယ်ချင်းဆိုတာထက် ဘယ်တုန်းကမှ မပိုခဲ့ဖူးလား "

သူမမျက်နှာငယ်​​လေးနဲ့ ​မေးခွန်းထုတ်လိုက်ခြင်း​​​ကြောင့် ကျွန်​တော့်မျက်ဝန်း​တွေဝိုင်းစက်သွားမှာ
အ​သေအချာပါပဲ။

Can I Call You Mine ? (Completed )Where stories live. Discover now