Huang Renjun's POV
မြင့်တက်နေတဲ့ အဖျားဒဏ်ကြောင့် နိုးထလာခဲ့ပြန်ပြီ။
ဖျားနာနေတာကြောင့် ကျွန်တော်ချစ်တဲ့သူကို မတွေ့ရတာ ၂ရက်တောင်ရှိသွားပြီ။
Jeno ဟာ ကျွန်တော် ဖျားနာနေရင် သိပ်စိတ်ပူပေးပြီး ဂရုစိုက်ပေးတတ်တယ်။
ဘာလို့ သည်လောက်ထိ စိတ်ပူပေးခဲ့လဲဆိုတဲ့ မေးခွန်းအတွက်တော့ သူငယ်ချင်းအဆင့်ကို ကျော်လွန်ပြီး ကျွန်တော် မတွေးခဲ့ဖူးဘူး။
ကျွန်တော့်ကို သည်းခံပြီး ချစ်ခဲ့တဲ့ Jenoက သိပ်ကို အံ့အားသင့်စရာ မကောင်းဘူးလား။
အချိန်အခါမဟုတ် မြည်ဟီးနေတဲ့ဖုန်းကြောင့် လွမ်းစိတ်နဲ့ကျလာတဲ့ မျက်ရည်တို့ကို လက်ဖမိုးနဲ့ သုတ်လိုက်တယ်။
ဖုန်းမျက်နှာပြင်ထက်က နံပါတ်ဟာ သူနာပြုအစ်ကိုရဲ့ ဖုန်းနံပါတ်ဖြစ်နေတယ်။
" ဟယ်လို အစ်ကို ဘာဖြစ်လို့လဲ "
ပြတ်ပြတ်သားသားမကြားရတဲ့ အသံဟာ ဖုန်းလိုင်းကြောင့်လား ၊ ကာယကံရှင်ကြောင့်လား မသဲကွဲဘူး။
" ဟယ်လို အစ်ကို ဘာပြောနေတာလဲ.. မကြားရဘူး"
" မင်းလွမ်းနေတဲ့သူ ..သတိရလာပြီ Renjun "
လွတ်ကျသွားတဲ့ ဖုန်းလေးကို အလျင်အမြန်ပြန်ကိုင်လိုက်တယ်။
" တကယ်.. တကယ်လားဟင် အစ်ကို "
ပါးပြင်ပေါ်ကျဆင်းလာပြန်တဲ့ မျက်ရည်ကြည်တွေဟာ ပျော်ရွှင်မှုကြောင့် ကျဆင်းရတဲ့ မျက်ရည်တွေဖြစ်ခွင့်ရပြီလား။
" မြန်မြန် ဆေးရုံကိုလာခဲ့ Renjun "
အဖျားဒဏ်ကို အံတုရင်း အလျင်အမြန်ထပြီး ကျွန်တော်ပြေးထွက်လာလိုက်တယ်။
မငြိမ်မသက်ဖြစ်နေတဲ့ နှလုံးခုန်သံတွေကို ကျွန်တော်မထိန်းချုပ်နိုင်သေးဘူး။
သူ .. တကယ်ပဲ ပြန်လာပြီလား။
ဆေးရုံထဲကို အပြေးအလွှားဝင်သွားလိုက်တယ်။
ကျွန်တော် လွန်ခဲ့တဲ့ ၁နှစ်ကလည်း သည်လို ဝရုန်းသုန်းကားဝင်သွားခဲ့ဖူးတယ်။
YOU ARE READING
Can I Call You Mine ? (Completed )