အပိုင်း (၁၁)

1.7K 214 6
                                    

Uni
"အဲ့နေ့ကကိစ္စအတွက်ကျွန်တော်တောင်းပန်ပါတယ် ကျွန်တော်တမင်ရည်ရွယ်ပြီးလုပ်လိုက်တာမဟုတ်ပါဘူး တကယ်ပါဗျာ"

ဂျောင်ဂုသည်သူ၏ရှေ့တွင်ကော်ဖီထိုင်သောက်နေသော ဂျီမင်းအားမျက်နှာငယ်လေးနှင့်ကြည့်ကာ ထိုစကားကိုဆိုလေသည်။ထိုအခါဂျီမင်းသည် ကော်ဖီသောက်နေရာမှ သူ့ကိုတစ်ချက်ကြည့်ပြီး ကော်ဖီခွက်ကိုအသံမမြည်အောင်ပြန်ချရင်းသူ့အားစကားဆိုလေသည်။သို့သော်ဂျောင်ဂုသည်ဂျီမင်းပြောသော စကားတွေအားဘာတစ်ခွန်းမှမကြားလိုက်...ဂျီမင်း၏လုပ်ဆောင်ချက်တစ်ခုချင်းစီအားလိုက်ကြည့်ရင်း တစ်ယောက်တည်းအတွေးကမ္ဘာစစ်ဖြစ်နေသောကြောင့်ဖြစ်သည်။

'အမလေးးးး နူးညံ့လိုက်တာ...ဟာနှုတ်ခမ်းလေးကလဲဖူးဖူးလေး ငါပြေးနမ်းလိုက်ရ..ya ဂျွန်ဂျောင်ဂု ဆန္ဒကိုသိက္ခာနဲ့ထိန်းစမ်း မင်းက cool man ဆိုတာမမေ့နဲ့ ...ဟိ ဘယ်လိုပဲဖြစ်ဖြစ်အဲ့နှုတ်ခမ်းကိုနမ်းချင်တာပဲသိတယ်'

ဂျီမင်းသူ၏ရှေ့တွင်ရှိသောလူကိုတဖြည်းဖြည်းလန့်လာသည်။ သူ၏နှုတ်ခမ်းကိုကြည့်ပြီးပြုံးသွားလိုက်ပြန်တည်သွားလိုက်နဲ့ ခုနကမှအကောင်းကြီးပါ ဘာဖြစ်သွားတာပါလိမ့်...

"ဒီမှာဗျ..ဒီမှာ"

အတွေးထဲစစ်ဖြစ်နေသောဂျောင်ဂုသည် ဂျီမင်း၏ခပ်စွာစွာအသံလေးကိုကြားမှအသိပြန်ဝင်လာခဲ့သည်။

"na..nae"

"ကျွန်တော်ပြောတာကြားရဲ့လား"

"ဗျာ..ဟို..တောင်းပန်ပါတယ် ကျွန်တော်အတွေးများပြီးသေချာမကြားလိုက်လို့ ဘာပြောလိုက်တာလဲဟင်"

"အဲ့နေ့ကကိစ္စကိုစိတ်ထဲမထားပါနဲ့လို့ပြောတာပါ"

"အာ.ဟုတ် ဟုတ်ကဲ့"

"ဒါဆိုကျွန်တော့်ကိုခွင့်ပြုပါအုံး"

"ဗျာ..ပြန်တော့မလို့လား"

"ဟုတ်ကဲ့ ကျွန်တော် duty ဝင်ရမှာမို့လို့ပါ"

"ဟင်..ဒေါက်တာခွင့်ယူထားတယ်ဆို"

"ဗျာ ဘယ်လိုသိ"

"ခုနကဒေါက်တာ့ကိုလာရှာတုန်းကသူနာပြုမလေးပြောလိုက်တာပါ"

DESTINYWhere stories live. Discover now