အပိုင်း (၉)

1.9K 220 6
                                    

Uni
"ဂျွတ် "

"အာ့ "

ပထမအသံသည် ခြေဆစ်လွဲနေသော ဂျီမင်း ၏ခြေထောက်အား ဟိုဆော့ မှာပြန်တည့်ပေးလိုက်ခြင်းဖြစ်ပြီး ဒုတိယအသံမှာ နာလွန်း၍ထအော်သော ဂျီမင်း၏အသံပင်ဖြစ်သည်။

" hyung ရယ်နာလိုက်တာ... "

ဟိုဆော့သည် ဂျီမင်းအား မျက်စောင်းတစ်ချက်ထိုးကာ..

"ဘယ်လိုဖြစ်ရတာလဲဂျီမင်းရယ်...အသက်ကလဲငယ်တော့တာမဟုတ်ဘူး..လှေကားသုံးထစ်ကနေပြုတ်ကျရလား "

ဂျီမင်းသည်ဟိုဆော့အား မျက်ရည်လေးများဖြင့်ပြည့်နေသောမျက်ဝန်းတစ်စုံဖြင့်ပြန်ကြည့်ရင်း..

" hyung ကလဲ ကျွန်တော့်ကိုမဆူပါနဲ့..ပြီးတော့ ခုလိုဖြစ်တာကျွန်တော့်အမှားမဟုတ်ပါဘူး "

"လှေကားကနေပြုတ်ကျတာမင်းအမှားမဟုတ်တော့...လှေကားအမှားလား "

"အာဗျာ...hyung ကလဲ..ဒီလိုဗျ "

ဂျီမင်း လည်း ဟိုဆော့အား ဖြစ်ကြောင်းကုန်စဥ်ကို ကကြီးကနေ အ ထိ ၏ သည် မရွေးအကုန်ပြန်ပြောလေတော့သည်။ထိုအခါမှ ဟိုဆော့လည်း..

"အဲ့တော့ ဟိုက ငါတို့ဂျီမင်းနီးကို လွှတ်ချလိုက်တာပေါ့ "

"ဟုတ်တယ်...ကျွန်တော်ဒီလောက်ချောတဲ့ဟာကို သူမို့လို့သရဲမြင်သလိုလန့်သွားရတယ်လို့ "

"အင်းလေ..အင်းလေ "

သူတို့နှစ်ယောက်၏ပုံအားတစ်ခြားတစ်ယောက်တွေ့သွားပါက ကလေးတစ်ယောက်သည် သူ့အားကျောင်း၌အနိုင်ကျင့်သောသူကိုသူ၏မိခင်အားပြန်တိုင်နေသည်ဟုထင်မိမှာမလွဲဧကန်ပင်...

ဂျောင်ဂုသည် သူ၏ထိုင်ခုံတွင်ထိုင်ကာ ခုနကဖြစ်ပျက်သွားသောကိစ္စရပ်များအားပြန်လည်စဥ်းစားခန်းဝင်နေလေသည်။

'အာ...ရူးချင်တော့တာပဲ...ပထမတစ်ခါတွေ့တည်းကလည်းဝင်တိုက်...ဒုတိယတစ်ခါတွေ့တော့သူဖတ်မယ့်စာအုပ်ကိုယူ...တတိယတစ်လာတွေ့တော့ဝင်တိုက်..တိုက်ရုံတင်မကဘူး လှေကားကနေပါပြုတ်ကျအောင်လုပ်ရတယ်လို့ '

DESTINYOpowieści tętniące życiem. Odkryj je teraz