အပိုင်း (၁၀)

2K 209 8
                                    

Uni
ဒီနေ့ဂျောင်ဂုအစောကြီးနိုးနေသည်။အကြောင်းမှာသူ၏ဆရာဝန်နတ်ဘုရားလေးအား ပိုးပန်းခြင်းလုပ်ငန်းဆောင်ရွက်ရန်ဖြစ်သည်။
မနက်အိပ်ယာထထချင်းသူ၏အကျင့်အတိုင်းမျက်လုံးမဖွင့်သေးဘဲအပျင်းကြောဆန့် ခြေဆစ်လက်ဆစ်တို့ချိုးလိုက်သည်။ပြီးမှမဖွင့်သေးမျက်လုံးတို့ဖြင့်ထထိုင်ကာ ဇာတ်ကြောတွေချိုးလိုက်သည်။ ထိုသို့ပြုလုပ်ပြီးသည့်နောက်တွင် ဂျောင်ဂုထိုင်ကာငိုက်နေသေးသည်။ထိုသို့ထိုင်ငိုက်နေတုန်းခေါင်းထဲရောက်လာသောအတွေးတစ်ခုကြောင့် မျက်လုံးတွေသည်ဆက်ခနဲဖွင့်လာပြီး ခြေလှန်းတွေသည်ရေချိုးခန်းဆီသို့..
ရေချိုးခန်းထဲဝင်ပြေးနေတုန်း စကားတစ်ခွန်းအော်သွားသေးသည်။ထိုစကားသည်ကား

"အလှလေးကိုပိုးပန်းဖို့ဒီကချောလေးလာပြီ! !"

ရေနွေးနွေးလေးဖြင့်ရေစိမ်ချိုးချင်သော်လည်းအလှနတ်ဘုရားလေးအားမမြင်လိုက်ရမှာစိုး၍ရေပန်းနဲ့သာအမြန်ချိုးပြီးထွက်လာခဲ့ရသည်။ကိုယ်ချစ်နေတဲ့သူက ဆရာဝန်ဆိုတော့လည်း night duty ဆင်းပြီးမနက်အစောကြီးပြန်သွားရင်မတွေ့လိုက်ရပဲနေမယ်လေ..

ထို့နောက်ဝတ်ဖို့အင်္ကျီရွေးရတော့သည်။ suit အပြည့်နှင့်သွားချင်သော်လည်းအဆင်မပြေပါ..တော်ကြာအသက်ကြီးတဲ့ပုံပေါက်ပြီးအလှလေးပြန်မကြိုက်ရင်အချောလေးအသဲကွဲရချည်ရဲ့..
ထို့ကြောင့် free style သာဝတ်ဖို့စဥ်းစားထားသည်။ သို့သော်သူ၏ ဗီဒိုကိုဖွင့်လိုက်သည်နှင့်တွေ့လိုက်ရသည်ကအမဲရောင်များသာ..အမဲဝမ်းစပ်နှင့်သွားလျှင်အဆင်မပြေလှ...ဆေးရုံဆိုတော့အမဲဝမ်းဆက်နှင့်သွားရင်အလှလေူကသူ့ဆီလာတယ်မထင်ပဲ နာရေးလာတယ်ထင်နေအုံးမည်..
ထို့နောက် နာရီဝက်လောက်ကြာပြီးမှထွက်လာသည်က အမဲတွေကြားမှ t shirt အဝါလေးဖြစ်သည်။ထိုတီရှပ်လေးအား jean ဘောင်းဘီလေးနှင့်သာတွဲဝတ်လိုက်သည်။ထို့နောက်မှန်ကြည့်ပြီး

"အချောလေးကဘယ်လိုဝတ်ဝတ်ချောနေတော့တာပဲ "

အရာအားလုံးပြင်ဆင်ပြီးသည့်အခါမှာတော့ ကားသော့လေးကိုယူကာထွက်လာခဲ့သည်။ခြံထဲရောက်မှတစ်စုံတစ်ခုအားသတိရကာအပေါ်ထပ်ကအိပ်ခန်းဆီသို့အမြန်ပြန်ပြေးတက်ရသည်။ထို့နောက်ကိုယ်လုံးပေါ်မှန်ရှေ့ရပ်ပြီး ရေမွှေးအား သုံးချက်လောက်ဖြန်းလိုက်သည်။

DESTINYTahanan ng mga kuwento. Tumuklas ngayon