အပိုင်း(၂)

2.3K 256 4
                                    

Uni

နေရောင်ခြည်နုနုလေးများသည် ပြတင်းပေါက်ကိုကျော်လွန်ကာ အခန်းတွင်းသို့ ဖြာကျကာ ဝင်ရောက်လာလေသည်။
ကုတင်ပေါ်ရှိ စောင်လေးနှင့်လုံးထွေးကာ ပုစွန်ထုပ်လေးလို သေးကွေးကာ အိပ်ပျော်နေသောဂျီမင်းမှာလည်း မျက်နှာပေါ်သို့ကျရောက်လာသော နေခြည်နုလေးများကြောင့် မျက်ခွံလေးများလှုပ်လှုပ်ရွရွဖြစ်လာလေသည်။

"ဝါး...."

ဂျီမင်းသည် တဝါးဝါးသမ်းကာ အပျင်းကြောလေးဆန့်ပြီး အိပ်နေရာမှထ ထိုင်လိုက်သည်။
ထို့နောက်နာရီသို့အကြည့်အရောက်...

"what....8နာရီတောင်ရှိနေပြီလား"

ထို့နောက် ရေချိုးခန်းထဲသို့ပြေးကာ ရေအမြန်ချိုးလိုက်ရသည်။ဒီနေ့ 10နာရီကြရင် နှလုံးအစားထိုးခွဲစိတ်မှုလုပ်ရမှာလေ...

ဘာလို့ဒီလောက်ထိအိပ်ပျော်သွားရတာလဲဟုဆိုကာ ကိုယ့်ကိုကိုယ်အပြစ်တင်ရင်း လုပ်ဆောင်မှုများကိုအရှိန်တင်လိုက်လေသည်။

အကုန်လုံးပြင်ဆင်ပြီးပြီဆိုမှ မှန်ရှေ့တပတ်လှည့်ကာ ကိုယ်ကိုပြန်ကြည့်ပြီး...

"ငါလေးကဘယ်လိုနေနေချောတာပဲ"

ထို့နောက် လက်ကိုင်အိတ်လေးကိုဆွဲကာ အခန်းထဲထွက်လာတော့သည်။ဧည့်ခန်းထဲရောက်တော့ ဧည့်ခန်းထဲတွင်ထိုင်နေသော ထယ်ယောင်းနှင့်သူ၏မန်နေဂျာ...

"မင်္ဂလာပါ ဒေါက်တာ"

"nae မင်္ဂလာပါ"

ထယ်ယောင်း၏မန်နေဂျာကသူ့အားနှုတ်ဆက်လာတာမို့သူလဲအသာအယာပြန်ပြုံးပြကာနှုတ်ဆက်လိုက်သည်။ထို့နောက်ထယ်ယောင်းက..

"ဂျီမင်းဒီနေ့ duty ဘယ်ချိန်ပြီးမှာလဲ"

"Dutyထွက်ချိန်က ၄နာရီလေ"

"သြော်"

"အင်း...ဘာလို့လဲ"

"ညကျငါတို့နှုတ်ဆက်ပွဲလုပ်မလားလို့...ငါ drama ရိုက်စရာရှိလို့ ဘူဆန်ဘက်သွားစရာရှိလို့"

"အင်းသဘောလေ...ငါညနေဖုန်းဆက်လိုက်မယ်..ခုတော့သွားတော့မယ်"

"အင်းတာ့တာ"

ဂျီမင်းလည်းဆေးရုံသို့ရောက်လာပြီး ခွဲခန်းအတွက်ပြင်ဆင်စရာရှိတာ ပြင်ဆင်ရန် သူပြုတွေအားမှာပြီး သူကိုယ်တိုင်လဲ ဝင်ရန်ပြင်ဆင်နေတော့သည်။ထို့နောက် ဘုရားစာလေးဆိုကာ စိတ်ငြိမ်အောင်လုပ်နေလိုက်သည်။

DESTINYOù les histoires vivent. Découvrez maintenant