အပိုင်း (၂၂)

1.6K 180 1
                                    

Unicode

အချိန်အားဖြင့် ၃လ။
ဂျီမင်းပျောက်သွားသည်မှာ၃လရှိပြီဖြစ်သည်။
ဂျောင်ဂုသည်ဂျီမင်းပျောက်သွားသည့်နေ့မှစ၍ယနေ့တိုင်ထိတငိုငိုတရယ်ရယ်ဖြင့်သာ။ရေချိုးချင်သည့်အချိန်မှထချိုးတတ်သည်။ခေါင်းကတော့တစ်လတစ်ခါတောင်လျှော်ဖြစ်ရဲ့လားမသိ။ယခုလည်းဧည့်ခန်းထဲတွင်ထိုင်ကာ အရက်သောက်နေလေသည်။ဂျင်သည်မကြည့်ရက်ပေမယ့်သူကိုယ်တိုင်ကလည်းဘာမှမတတ်နိုင်မို့ဒီတိုင်းသာနေနေရသည်။

"အခုထိစုံစမ်းလို့မရသေးဘူးလားဟင်"

အရက်သောက်နေရင်းမှဂျောင်ဂုသည်သူ့ရှေ့တွင်ထိုင်နေသောဂျင်အားမော့ကြည့်ကာမေးလာလေသည်။ဂျင်သည်ဘာပြောရမှန်းမသိသဖြင့်မျက်နှာလွှဲသွားလေသည်။

"စုံစမ်းလို့မရသေးဘူးပေါ့"

ဂျောင်ဂုသည်အရက်အားအငြိုးကြီးစွာမော့ချလိုက်ပြီးဒေါသတွေကိုခွက်အားပုံချကာ စားပွဲပေါ်သို့စောင့်ချလေသည်။တခဏအတွင်းမှာပင်ဂျောင်ဂု၏အမူအရာသည်လွန်စွာဝမ်းနည်းနေသလိုဖြစ်သွားလေသည်။

"ကျွန်တော်ရှင်းပြတာလေးနားထောင်သင့်ကိုhyungရာ အခုလိုကြီးထားသွားတော့ဒီလူကဘယ်လိုနေရမှာလဲ ကျွန်တော်hyungကိုသိပ်ချစ်တာသိရက်နဲ့ဗျာ ဘာကြောင့်များကျွန်တော့်ကိုမယုံကြည်ပေးနိုင်ရတာလဲ"

မျက်နှာအားလက်နှစ်ဖက်ဖြင့်အုပ်ကာသည်းထန်စွာငိုကြွေးနေသောဂျောင်ဂုကိုဂျင်အားမပေးတတ်ပါ။သို့သော်လည်းဂျောင်ဂုဘေးနားသွားကာဂျောင်ဂု၏ကျောလေးကိုပုတ်ပေးနိုင်လိုက်သည်။

"ဒါတွေအားလုံးကျွန်တော့်ကြောင့် ဟုတ်တယ်ကျွန်တော့်ကြောင့်ကျွန်တော်သာအဲ့မိန်းမကိုအိမ်ထဲပေးမဝင်ခဲ့ရင်အခုလိုတွေဖြစ်မှာမဟုတ်ဘူး
အဲ့မိန်းမကိုဒီတစ်သက်ခွင့်မလွှတ်ဘူး"

"တော်သင့်ပြီလေဂျောင်ဂုရယ်"

တစ်ချိန်လုံးတိတ်ကာမီးဖိုခန်းကထမင်းစားပွဲတွင်ထိုင်နေသောနမ်ဂျွန်းသည်ဝင်ပြောလေသည်။

"တမလွန်ကလူကိုလွတ်မြောက်ခွင့်ပေးလိုက်ပါတော့လား"

ဟုတ်တယ်။တမလွန်။hanaဆိုသောအမျိုးသမီးသည်တမလွန်သို့ရောက်ရှိသွားလေပြီ။ သတ်မယ်တကဲကဲလုပ်နေသောဂျောင်ဂုကိုသူတို့အားလုံးမနည်းတားယူလိုက်ရသည်။သို့သော်ဂျောင်ဂုသည်သတ်လိုက်သည်ထက်ပိုနာကျင်စေသောအရာကိုလုပ်ခဲ့သည်။ထိုသည်ကစိတ်ဒဏ်ရာပေးခြင်း။နမည်ကြီးmodelတစ်ယောက်ဖြစ်သောhanaသည်ဖျက်စီးရသိပ်လွယ်ကူသောကော်ပတ်ရုပ်လေးတစ်ခု။နမည်ဖျက်ဖို့စုံစမ်းကြည့်သည်အခါ အများကြီးအားထုတ်စရာမလိုပဲ ကြီးကြီးမားမားတွေပြန်ရခဲ့သည်။ ထိုသည်က အောင်မြင်နေသည့်အလုပ်ရှင်များဆီကချူစားခြင်း၊ ငွေကြေးလိမ်လည်ကာပတ်ရှောင်နေခြင်း၊မူးယစ်ဆေးဝါးတရားမဝင်ရောင်းဝယ်ဖောက်ကားခြင်း၊မူးယစ်ဆေးဝါးကိုကိုယ်တိုင်သုံးဆွဲနေခြင်းအစရှိသဖြင့်အချက်အလက်တွေသည်နေ့မကူးပဲရလာခဲ့သည်။

DESTINYWhere stories live. Discover now