အပိုင်း (၁၆)

1.5K 195 17
                                    

Uni
"မင်း ဆိုင်ကိုမပြန်တော့ဘူးလား"

ဂျီမင်းသည် သူ့နားနေခန်းထဲကကုတင်ပေါ်တွင်အခန့်သားအိပ်နေသောဂျောင်ဂုအားကြည့်ရင်းမေးသည်။ နေ့လည်စာ စားချိန်ကတည်းက ထမင်းဗူးတွေနှင့်ရောက်လာသော ဂျောင်ဂုသည် ဘယ်လိုနှင်ထုတ်ထုတ်မပြန်တော့ပဲ အဲ့ကုတင်ပေါ်မှာသာအချိန်ကုန်နေသည်။

"မပြန်ပါဘူး ညနေအလုပ်ဆင်းရင်တစ်ခါတည်းdate လို့ရအောင်စောင့်နေတာ"

သူ့အားခေါင်းလေးထောင်ကာပြန်ပြောလာသည်။

"တကယ်လို့ငါအဲ့အချိန်ခွဲခန်းဝင်နေရရင်ရော "

"မသိဘူး"

"မသိလို့ရမလား"

"ပိစိလေးကလဲဗျာ ဘယ်လိုဖြစ်လို့အော်နေတာလဲ"

အိပ်နေရင်းမှ ထထိုင်ကာ နှုတ်ခမ်းဆူထားလေသည်။ တက်တူးတွေကိုမှအားမနာ ။

"ငါ့ကိုပိစိလေးလို့မခေါ်ပါနဲ့ဆို"

"အဲ့ဆို ဘယ်လိုခေါ်ရမှာလဲ hyungလို့ခေါ်ရမှာလား"

"အေးပေါ့"

"ကျွန်တော့်ကိုလဲပြန်ခေါ်လေ"

"ဘာခေါ်ရမှာလဲ"

"ကိုကိုလို့"

"မခေါ်နိုင်ဘူး "

"ဘာလို့လဲ"

"ဘာလို့ရမှာလဲဟ မင်းကငါ့ထက်ငယ်တာလေ ခေါ်ခြင်းခေါ်မင်းကခေါ်ရမှာ"

"အဲ့ဆိုမောင်လို့ခေါ် "

"အသဲယားစရာကြီးကွာ"

"ခေါ်ပါဆိုဗျာ"

"ပြီးရောကွာ"

"ခေါ်ကြည့်လေ hyungကလဲ"

"ကျစ်..မောင်ကွာ မောင်"

ဆေးရုံခန်းထဲထိလာပြီးဂျစ်တိုက်နေသောထိုလူဆိုးကောင်ကိုသူဘယ်လိုလုပ်ရပါ့။

"မောင်ဆိုင်ပြန်တော့မယ် hyungအလုပ်ဆင်းရင်လာကြိုမယ်"

"အင်းပြီးရော"

"ချစ်တယ်နော်hyung မွ"

ပါးတစ်ဖက်အားနမ်းကာအခန်းထဲကထွက်သွားသောဂျောင်ဂုအားကြည့်ပြီးဂျီမင်းပြုံးနေမိသည်။နှစ်သက်တယ် သဘောကျတယ်ပဲထင်ခဲ့ပေမယ့် အမှန်ကသူဂျောင်ဂုကိုချစ်မိနေခဲ့ခြင်းပင်။ ကိုယ့်စိတ်ကိုသေချာသိလိုက်ရချိန်မှာ ဒီလူသားဟာသူ့အတွက်အနားမှာရှိနေပေးခဲ့သည်။ ဂျစ်တိုက်တတဲ့အမူအကျင့်တွေသည် သူ့အတွက်သာဖြစ်မှန်းသိသည်။ ဂျောင်ဂုသည် သူ့အားလိုအပ်လာရင် ယောကျ်ားတစ်ယောက်လိုကာကွယ်ပေးပြီး ကလေးဆိုးလေးတစ်ယောင်လိုလည်း ချွဲပေးသည်။ ဂျွန်ဂျောင်ဂုဆိုတဲ့ငဆိုးလေးကိုပိုင်ဆိုင်ရသည်က သူ့အတွင်ဘုရားပေးတဲ့ဆုလာဘ်တစ်ခုပင်။

DESTINYDonde viven las historias. Descúbrelo ahora