အပိုင်း (၄)

2K 223 9
                                    

Uni
ဂျောင်ဂုတစ်ယောက် အိမ်ပြန်ရောက်တော့လည်း မနက်ကတွေ့ခဲ့တဲ့ တစ်ယောက်အကြောင်းပဲစဥ်းစားနေမိတယ်။
သူအဲ့လိုစဥ်းစားလိုက်တိုင်းလည်း သူ့ရင်ဟာ အဆက်မပြတ်ခုန်နေခဲ့တယ်။
ဒါဆို သူညနေက တွေ့ခဲ့တဲ့ကောင်မလေးကျတော့ သူဘာကြောင့်ရင်မခုန်တာလဲ...
သူသေချာပါသည်...သူမရဲ့မျက်ဝန်းတွေဟာ မနက်ကသူနဲ့တိုက်မိခဲ့တဲ့လူရဲ့မျက်ဝန်းတွေဆိုတာ...
ဒါပေမယ့် သူဘာကြောင့်ရင်မခုန်တာလဲဆိုတာ စဥ်းစားမရ...

ညဥ့်နက်လာပြီမို့စဥ်းစားခန်းဝင်နေတာကိုရပ်ပြီး အိပ်ရန်သာပြန်လိုက်သည်။
သို့သော် သူမျက်လုံးမှိတ်လိုက်သည်နှင့် ပေါ်လာသည်က ထိုသူ၏မျက်ဝန်း....

မင်းလေးဟာ ဘယ်သူလဲကလေးငယ်...
ဘာကြောင့် ငါက မင်းကို ရင်ခုန်လိုက် မခုန်လိုက်ဖြစ်နေရတာလဲ...
မင်းကသိပ်ကိုပြုစားလွန်းတယ်...
မင်းလေးနဲ့နောက်တစ်ခေါက်ပြန်ဆုံကြမယ်နော်..
အဲ့ချိန်ကြရင် ကိုယ့်ရင်ခုန်သံတွေကိုသေချာပေါက်ဆန်းစစ်မှာမို့လို့...

ထို့နောက် ဂျောင်ဂုလဲအိပ်ဆက်ခြင်းဆီသို့...
အိမ်မက်ထဲမှာတော့ ကောင်လေးတစ်ယောက်ဟာ အလွန်တရာလှပပြီး တစ်ပုံစံတည်းတူသော လိပ်ပြာနှစ်ကောင်ကြားမှာ ဘယ်တစ်ကောင်ဖမ်းဆပ်ရမှန်းမသိပဲတွေတွေကြီးရပ်နေလေခဲ့သည်...

ဂျီမင်းလည်း မနက်အဖိုးဆီသွားရမှာမို့ အဝတ်အစားများထည့်လေသည်။
အဝတ်အစားများထည့်နေရင်း မျက်လုံးထဲပေါ်လာသည်က မနက်ကတိုက်မိသော လူ၏မျက်နှာ...
ထိုလူရဲ့မျက်နှာကို ခဏပဲမော့ကြည့်လိုက်ပေမယ့် ထိုသူ၏ စူးစူးရဲရဲမျက်ဝန်းတွေက်ုသူတွေ့ဖြစ်အောင်တွေ့လိုက်ပါသည်။
လှန်းထိန်းပေးသော ထိုလူ၏လက်များတွင်လည်း tattoo များနှင့်...
ထိုသို့စူးစူးရှရှမျက်ဝန်းနှင့် tattoo များရှိသည်ဆိုပါက လူကောင်းမဖြစ်နိုင်...
သို့သော် ထိုသူ၏ဝတ်စားပုံအရဆိုရင်လျှင်လည်း လူဆိုးဟု မသတ်မှတ်နိုင်ပေ....
ထိုလူအကြောင်းတွေးနေရင်းမှ ဂျီမင်းရုတ်တရက်သတိပြန်ဝင်လာခဲ့သည်။

"ငါအခု ၁၀စက္ကန့်လောက်ပဲတွေ့လိုက်ရတဲ့လူတစ်ယောက်ကို ဝေဖန်နေတာလား...
မဖြစ်နိုင်တာ...ဝါး...ပတ်ဂျီမင်းတို့ဂေါက်သွားပြီပဲ"

DESTINYحيث تعيش القصص. اكتشف الآن