အပိုင်း(၂၀)

1.5K 186 5
                                    

**အောက်မှာzawgyiနဲ့ရေးပေးထားတယ်ဖတ်ရတာအဆင်ပြေမပြေပြန်ပြောပေးနော်**

UNI

"မင်းဘာလုပ်တာလဲ!!"

အိမ်ထဲရှိဂျောင်ဂု၏အော်သံသည်ထိတ်လန့်စရာ။
ဂျောင်ဂုသည်ဘာမပြောညာမပြောနှင့်သူ၏ပေါင်ပေါ်သို့တက်ကာ သူ့နှုတ်ခမ်းပါးအားလာရောက်ထိတွေ့သောထိုမိန်းမအားအော်ကာတွန်းချလိုက်လေပြီ။

"ရှင်ကလဲ ဘာလုပ်ရမှာလဲနမ်းလိုက်တာလေ"

"မင်းရူးနေလားဟမ်!!မင်းမှာစောက်ရှက်မရှိဘူးလား"

ဂျောင်ဂု၏အသံသည်ဟိန်းထွက်လျက်။
ထိုမိန်းမသည်ကြမ်းပြင်ပေါ်တွင်လဲကျနေရာမှချက်ချင်းထကာ

"ဟုတ်တယ်အရှက်မရှိဘူး အဲ့တော့ရှင်ကဘာလုပ်ချင်လို့လဲ"

"မင်းဘာနေမင်းအရှက်မရှိလဲတခြားနေရာမှအရှက်သွားမဲ့နေ မဟုတ်လည်းလမ်းမပေါ်ကိုယ်တုံးလုံးထွက်နေလိုက် ငါ့အိမ်လာပြီးစောက်ရှက်မရှိတဲ့အပြုအမူလာမလုပ်နဲ့"

"ဒီမှာဂျွန် ကျွန်မကလေရှင့်ကိုသိပ်ချစ်လို့ ဆုံးရှုံးရမှာကြောက်လို့ဒီလိုလုပ်နေရတာပါ ရှင်ဒါလေးကိုတောင်နားမလည်ဘူးလားဟင် ကျွန်မတို့အရင်ကသိပ်ချစ်ခဲ့တာပါ"

"အရင်ကလည်းမင်းကိုမချစ်ခဲ့သလိုအခုဆိုပိုလို့တောင်ဆိုးသေးတယ် မင်းအပေါ်ကယစ်မူးခဲ့တာသာယာမှုတစ်ခုအတွက်ပဲ မင်းလွန်မလာနဲ့ သွားအခုငါ့အိမ်ထဲကထွက်သွား"

"ရှင်ကအတ္တသမားပဲဂျွန် မိန်းကလေးတစ်ယောက်ကိုလုပ်ချင်တိုင်းလုပ်ပြီးပြစ်ထားခဲ့လို့ရရိုးလား"

ဂျောင်ဂု၏အကြောပြိုင်းပြိုင်းထနေသောလက်တစ်စုံသည်ထိုမိန်းမ၏လည်ပင်းသို့ရောက်ရှိသွားလေပြီ။

"မင်းစောက်ပါးစပ်ကိုပိတ်ထား မင်းကိုငါငွေပေးပြီးနေခဲ့တာ အဲ့တုန်းကမင်းလည်းငွေပေါ်သာယာနေပြီးအခုမှငါ့ကိုစောက်ပြစ်ဖြစ်သလိုလာပြောမနေနဲ့"

အံကြိတ်ထား၍ဂျောင်ဂု၏လည်ပင်းတို့သည်အကြောတို့ထင်းနေလေပြီ။ ထိုမိန်းမလည်ပင်းရှိလက်သည်လည်းပို၍အားထည့်လိုက်လေသည်။ထိုမိန်းမ၏မျက်နှာသည်သွေးမရှိတော့သလိုဖြူဖျော့လာလေပြီ။ထိုအခါမှဂျောင်ဂုသည်စိတ်လျှော့ကာ

DESTINYWhere stories live. Discover now