အပိုင်း (၁၄)

1.5K 206 5
                                    

Uni
"ကျစ်..ဟာကွာ!!"

ဂျီမင်းစိတ်တိုတိုနှင့်ဖုန်းကိုကုတင်ပေါ်သို့ပစ်တင်လိုက်လေသည်။ သူဂျောင်ဂုဆီသွားမှဖြစ်မယ်။ သို့ပေမယ့် ဂျောင်ဂုလိပ်စာသူမှမသိပဲ။ ကုတင်ခြေရင်းတွင်ခေါက်တုံ့ခေါက်ပြန်လျှောက်ကာစဥ်းစားနေလေသည်။လျှောက်နေရင်းရေချိုး ခန်းရှေ့က လျှော်ရမည့်အဝတ်တွေထည့်ထား သောခြင်းဆီကိုအကြည့်ရောက်သွားလေသည်။ဟုတ်သားပဲ မနက်ကဂျောင်ဂုသူ့လိပ်စာကဒ်ပေးထားခဲ့တာပဲ။ထိုမှသာ အဝတ်ခြင်းနားသွားကာမနက်ကဝတ်သွားသည့် ကုတ်အင်္ကျီလေးထဲလိပ်စာကဒ်လေးကိုရှာနေမိသည်။နောက်ဆုံးထွက်လာတဲ့အမဲရောင်ကဒ်လေး။ထိုကဒ်လေးကိုကိုင်ကာ ဂျီမင်းဖုန်းနှင့်ပိုက်ဆံအိတ်ကိုကိုင်ပြီးတိုက်ခန်းအပြင်သို့ထွက်လာခဲ့သည်။

တိုက်ခန်းအောက်ရောက်တော့taxi ငှားလိုက်ပြီးtaxi ဦးလေးကြီးအား လိပ်စာကဒ်လေးပေးကာထိုနေရာကိုမောင်းပေးရန်သာပြောလိုက်တော့သည်။ဂျီမင်းကတော့လက်နှစ်ဖက်ကိုဆုပ်ကိုင်လျက်ဂျောင်ဂုဘာမှမဖြစ်ဖို့သာဆုတောင်းနေလိုက်သည်။

"ရောက်ပြီကောင်လေး"

taxi ဦးလေးကြီး၏အသံကြောင့်သူဦးလေးကြီးအားပိုက်ဆံထုတ်ပေးရင်း

"ကျေးဇူးတင်ပါတယ်ဦးလေး"

ထို့နောက်taxi ပေါ်ကာအမြန်ဆင်းကာ ဂျောင်ဂုအိမ်၏ခြံတံခါးကဘဲလ်ကိုအဆက်မပြတ်တီးနေလိုက်သည်။ခဏအကြာ အသက်အလတ်ပိုင်းအမျိုးသားတစ်ဦးကထွက်လာကာ

"ဘယ်သူနဲ့တွေ့ချင်လို့လဲ"

"ဒီအိမ်ကဂျောင်ဂုအိမ်ဟုတ်ပါတယ်နော်"

ထိုလူကြီးသည်ဂျီမင်းအားခြေဆုံးခေါင်းဆုံးကြည့်လိုက်ပြီး

"ဟုတ်ပါတယ် ဘာကိစ္စလဲရှိလို့လဲ"

"သူဖုန်းဆက်လာလို့ပါ နေမကောင်းဘူးထင်တယ်ဖုန်းပြောနေရင်းကျသွားလို့စိတ်ပူပြီးလိုက်လာတာပါ"

"ဒါနဲ့ဒီက "

"ကျွန်တော့်နမည်ပတ်ခ်ဂျီမင်းပါ ဂျောင်ဂုအသိမိတ်ဆွေပါ"

"ဟုတ်ကဲ့အိမ်ထဲကြွပါ"

ထိုလူကြီးခေါ်ရာနောက်သို့လိုက်လာခဲ့သည်။

DESTINYDonde viven las historias. Descúbrelo ahora