အပိုင်း (၂၁)

1.5K 184 6
                                    

Unicode

ဂျီမင်း၏မျက်လေးများသည်ဝေဝါးနေ၏။
ခေါင်းသည်လည်းနောက်ကျိနေလေသည်။ မျက်လုံးအားဖြည်းဖြည်းချင်းအားယူကာဖွင့်လိုက်သည့်အခါပထမဆုံးမျက်လုံးထဲဝင်လာသည်ကအဖြူရောင်မျက်နှာကျက်၊ဆေးနံ့ရနေသောပတ်ဝန်းကျင်အနေအထား။သေချာပြီ သူဆေးရုံရောက်နေခြင်း။ ဂျီမင်းအားယူကာထထိုင်လိုက်သည်။ သူငိုပြီးပြေးနေတုန်း မျက်စိတွေဝေဝါးလာခြင်းနှင့်အတူကျန်တာမည်သည်ကိုမှသတိမရတော့။ယခုသူဘယ်လိုဆေးရုံကိုရောက်နေတာလဲ။အတွေးတွေနဲ့ခေါင်းရှုပ်နေတုန်း သူ၏အခန်းတံခါးသည်ဖြည်းညှင်းစွာပွင့်လာလေသည်။ထိုတံခါးနောက်မှထွက်ပေါ်လာသူသည်အခြားသူမဟုတ်။ ဟိုဆော့hyungသာ။

"ဟိုဆော့hyung"

ဂျီမင်းအံ့သြစွာလှမ်းခေါ်မိသည်။
ဟိုဆော့hyungသည်ပြုံးပြကာဂျီမင်းအနားကိုလျှောက်လာပြီး

"သတိရပြီလားဂျီမင်း ဘယ်လိုနေသေးလဲ ကိုက်တာခဲတာတွေရှိသေးလား"

ဂျီမင်း ဟိုဆော့အားခေါင်းခါပြသည်။ဟိုဆော့သည်ဂျီမင်းနားကခုံတွင်ဝင်ထိုင်လိုက်ရင်း

"ဘယ်လိုဖြစ်ရတာလဲဂျီမင်း"

"ကျွန်တော်အဲ့တာမဖြေခင်တစ်ခုမေးလို့ရမလား"

"အင်းမေးလေ"

"ကျွန်တော့်ကိုဘယ်သူဆေးရုံခေါ်လာတာလဲ"

"အော်အဲ့တာလား hyungခေါ်လာတာလေ"

"ဟင်"

ဟိုဆော့hyungသည်ဂျီမင်းအားနွေးထွေးစွာထပ်ပြုံးပြလေသည်။ထို့နောက်အကြောင်းအရာကိုရှင်းပြ၏။

night duty ဖြစ်သောဟိုဆော့သည်တနေကုန်အားနေလေသည်။ထို့ကြောင့် ချစ်သူလေးနှင့်dateရန်ချိန်းဖြစ်သည်။ထွေထွေထူးထူးနေရာတွေမသွားဖြစ်ပါ။ချစ်ရသူ၏ရုံးခန်းထဲတွင်ထိုင်ကာ ချစ်ရသူသီချင်းဖန်တီးပုံလေးတွေကိုအမြတ်တနိုးကြည့်ရှုမည်။ သီချင်းတီးလုံးတွေမြူးကြွလာလျှင် ကကွက်အသစ်ထွင်ပြီး က ကာ ချစ်ရသူနှင့်အတူပျော်ရွှင်မည်။ပျင်းလာလျှင်ချစ်ရသူအားနောက်ကသိုင်းဖက်ကာ

"ကျွန်တော့်ရဲ့Min PD ကတအားမိုက်တဲ့ဘဲကြီးပဲ"

ဟူသောအစချီမှုများနှင့်ချွဲမည်။ချစ်ရသူနှင့်ခေါက်ဆွဲတစ်ဗူးပြုတ်ကာတူတူမျှဝေစားမည်။အရာရာသူ့အတွက်တော့ပျော်ရွှင်ဖွယ်။
ချစ်ရသူနှင့် date ပြီးပြန်လာသည့်လမ်းတစ်လျှောက်မြင်တွေ့ရသမျှအရာတွေသည်ကြည်နူးဖွယ်။ ထိုအချိန်မကြည်နူးဖွယ်မြင်ကွင်းသည်သူ၏မျက်ဝန်းထဲသို့စိုက်စိုက်မြိုက်မြိုက်ဝင်ရောက်လာလေသည်။ ထိုအရာသည်လူတွေစုစုရုံးရုံးဖြစ်နေခြင်း။ ဆရာဝန်ပီပီထိုနေရာသို့သူသည်ရောက်နှင့်ပြီးသား။ထိုနေရာကိုရောက်သည်နှင့်သူ၏မျက်ဝန်းတို့သည်ပြူးကျယ်သွားရသည်။အကြောင်းမှာလမ်းပေါ်ထက်မေ့မျောနေသောဂျီမင်းကြောင့်ပင်။ဟိုဆော့သည်ဂျီမင်းနားသွားကာ

DESTINYWhere stories live. Discover now