အပိုင်း (၁၇)

1.5K 192 6
                                    

Uni
"ring!!"

ဖုန်းထဲmessage ရောက်လာတဲ့အသံလေးကြောင့်ဂျောင်ဂုအဝတ်အစားလဲနေရင်းကပင်အမြန်ယူကြည့်မိလိုက်သည်။ သူတွေးထားသည့်အတိုင်းပင် သူ၏ချစ်လှပါသော hyungလေးဆီမှ။ဂျောင်ဂုလည်း message လေးကိုဖတ်လိုက်မိတော့..

💌 မောင်ရေ hyung မောင်နဲ့တူတူမလိုက်ပေးနိုင်တော့ဘူး အရေးပေါ်ခွဲခန်းဝင်ရမှာမို့လို့ hyung တောင်းပန်ပါတယ်နော် ချစ်တယ်ကိုယ့်bunny လေး🐰
                              မောင့်ရဲ့ hyung❤ 💌

စာဖတ်ပြီးနောက်ဂျောင်ဂုသက်ပြင်းချလိုက်မိသည်။ စီးပွားရေးသမားတွေတက်ရောက်မယ့်ညစာစားပွဲရှိတာကြောင့် သူနဲ့အတူလိုက်ခဲ့ပေးဖို့ hyung ကိုပြောခဲ့သည်။ hyung ကအဲ့နေ့သူအားကြောင်း လိုက်ခဲ့ပေးမည်ဖြစ်ကြောင်းပြောပြီး အခုသွားရမည့်အချိန်ရောက်မှ မလိုက်ဖြစ်တော့ဘူးတဲ့လေ။ တစ်ခါတစ်လေ hyung ရဲ့အလုပ်ကြောင့် တွေ့ခွင့်တောင်မရ။ date နေရင်းလဲ ဖုန်းလာရင်ဆေးရုံကိုပြန်လာပို့ရတတ်သည်။ ဒါပေမယ့် သူစိတ်မညစ်ပါ။ hyung ကဒီအလုပ်လုပ်မယ်ဆို သူကဘေးကပါရမီဖြည့်ပေးရုံသာ။ အခုတော့တစ်ယောက်တည်းပွဲတက်ရတော့မည်။

💌 ရပါတယ် hyung မောင်တစ်ယောက်တည်းသွားလည်းအဆင်ပြေပါတယ် မောင့်ကိုစိတ်မပူပဲ အလုပ်သေချာလုပ်နော် မောင့်အဆိုးလေး ချစ်တယ်မောင့်hyung🐥
                                 hyung ရဲ့မောင် ❤💌

hyung အားစာပြန်ပြီး အဝတ်အစားဝတ်ကာ ကားသော့ဆွဲရင်းသူညစာစားပွဲသို့ထွက်လာခဲ့သည်။ ညစာစားပွဲရောက်တော့ သူလည်းဝိုင်းတစ်ခုတွင်ဝင်ထိုင်နေလိုက်သည်။ လိုက်နှုတ်ဆက်ရအောင်သူသိတာတစ်ယောက်မှမရှိ။ သူ့ကိုသိတဲ့လူလာနှုတ်ဆက်ပေါ့။ လေကုန်ခံ ခြေညောင်းခံပြီးလိုက်နှုတ်ဆက်ရအောင်သည် ဂျွန်ဂျောင်ဂုဆိုတဲ့သူ့စတိုင်မဟုတ်။ ဝိုင်ခွက်လေးကိုင်ကာပတ်ဝန်းကျင်ကို လိုက်ကြည့်နေတုန်း သူ့မျက်ဝန်းထဲဝင်လာသည့်သူတစ်ယောက်

"jin hyung"

နှုတ်ခမ်းမှလေထွက်ရုံလောက်လေးရေရွတ်လိုက်မိသည်။မနက်ကပြောတော့ သွားစရာရှိလို့မအားဘူး မင်းတစ်ယောက်တည်းပဲသွားပါဆို။အခုဘယ်လိုကနေဘယ်လိုဒီပွဲကိုရောက်နေတာလဲ။
သူရှည်ရှည်ဝေးဝေးစဥ်းစားမနေတော့ပဲ jin hyung ရှိရာနားသို့လျှောက်လာခဲ့သည်။

DESTINYWhere stories live. Discover now