အပိုင်း (၇)

1.9K 227 18
                                    

Uni
" ဟူး "

ထိုအသံသည် ရုံးခန်းအတွင်း၌ ဆရာဝန်လေးအားမည်သို့မည်ပုံလိုက်ရမည်ဆိုတာကို ရုံးခန်းအတွင်း၌ ဟိုဘက်ဒီဘက်ခေါက်တုံ့ခေါက်ပြန်လျှောက်ကာ စဥ်းစားနေပါသော ဂျောင်ဂုပင်၏အသံပင်ဖြစ်သည်။

" သူ့အလုပ်မှာပန်းတို့မုန်းတို့ကိုသူ့ကိုပေးပေးပါဆိုပြီးသွားပေးရင်ရော "

ဂျောင်ဂုသည် ထိုသို့ပြုံးပျော်ကာ စဥ်းစားနေရင်းမှ တစ်စုံတစ်ခုအားသတိရသွားကာ..

" ငါမှသူ့နမည်မသိပဲ "

ဂျောင်ဂု၏မျက်နှာမှာ ငြိုးကျသွားလေတော့သည်။အခုချိန်မှာ jin hyung ရဲ့ဒယ်ပြားနဲ့ခေါင်းကိုအရိုက်ခံရင်အကြံပေါ်လာမည်ဆိုပါက ချက်ချင်းပြေးကာအရိုက်ခံမည်ဖြစ်သည်..ဆိုးသည်က အကြံဥာဏ်ပေါ်မလာပဲ သူအတိတ်မေ့သွားမှဖြင့်...နမည်တောင်မသိသေးတဲ့လူသားလေးကိုမေ့သွားမှသူဒုက္ခရောက်နေမည်...

" ဒီခေါင်း...ဒီခေါင်း အရေးရယ်အကြောင်းရယ်ဆို သုံးစားလို့ကိုမရဘူး "

သူ၏ခေါင်းအားနှစ်ချက်လောက်ရိုက်ကာ တစ်ယောက်တည်းပွစိပွစိလုပ်နေသောဂျောင်ဂုအား တစ်ယောက်ယောက်မြင်တွေ့သွားပါက အရူးဟုသေချာပေါက်ထင်မှတ်သွားမှာဧကန်ပင်ဖြစ်သည်။

" အာကွာ..စိတ်ရှုပ်လိုက်တာ..မေ့ဆေးနဲ့အုပ်ပြီးကားတင်ပြေးလိုက်ရင်ကောင်းမလား "

" မဖြစ်သေးပါဘူး..ရုပ်ရှင်တွေထဲကလို သူသတိရလာရင် ငါ့ခေါင်းကိုတစ်ခုခုနဲ့ရိုက်ပြီးပြေးရင်ဒုက္ခ"

ဂျောင်ဂုသည်သူးခေါင်းအားကိုင်ကာ ကြက်သီးတွေထလာပြီး တစ်ကိုယ်လုံးတုန်တက်သွားတော့သည်။

တစ်ဖက်ကကောင်လေးကတော့ တစ်ယောက်တည်းသူ့အတွေးနဲ့သူရောက်ယက်ခတ်နေပြီး တစ်ဖက်ကကောင်လေးကတော့ခွဲခန်းထဲတွင် လူနာ၏အသက်အားကယ်ရန် အလုပ်ရှုပ်နေလေသည်။

ဂျီမင်းသည် ဆေးရုံသို့သေနတ်မှန်သည့်လူနာရောက်လာတာဆိုတုန်းကအတော်ပင်တုန်လှုပ်သွားရသည်။ယခုလို ခေတ်ကြီးမှာ ဒီလိုမျိုးတွေကရှိသေးတာလား...ခွဲစိတ်ဆရာဝန်တစ်ယောက်ကသူ့အခန်းထဲကိုပြေးဝင်လာပြီး..

DESTINYOnde histórias criam vida. Descubra agora