အပိုင်း (၁၈)

1.5K 188 3
                                    

Uni
ဂျောင်ဂုသည် ပွဲတွင်စိတ်ရှုပ်လာတာကြောင့် အိမ်သို့တန်းမပြန်ခဲ့။ သွားနေကြ bar တစ်ခုသို့သွားကာ သောက်နေခဲ့သည်။ စိတ်ရှုပ်သည်ထက် စိုးရိမ်စိတ်သည်ပို၍ဖြစ်ပေါ်နေသည်။

hyung သာသိပြီးအထင်လွဲသွားခဲ့ရင်ဆိုသည့်အတွေးတွေသည်သူ့အားနှိပ်စက်သည်။ ထိုမိန်းမပြန်ပေါ်လာသည်ဆိုကတည်းက ကောင်းတဲ့ကိစ္စမဟုတ်။ hyung ကိုများတစ်ခုခုထိခိုက်ရင် သတ်ပစ်ဖို့ထိတွေးထားသည်။ ထိုမိန်းမထိတွေ့ခဲ့သောကိုယ်ပေါ်ကအဝတ်အစားကိုလည်းအိမ်ပြန်ရောက်တာနှင့်မီးရှို့ပစ်ဖို့ထိဂျောင်ဂုတွေးထားသည်။

ကောင်တာကအဖျော်စရာအားအရက်ပြင်းပြင်းတစ်ခွက်ထပ်စပ်ခိုင်းလိုက်ပြီး လာချပေးသည်နှင့်တစ်ကျိုက်တည်းမော့သောက်ပစ်လိုက်သည်။ တဖြည်းဖြည်းပူလောင်လာသောခံစားချက်နှင့်အတူဂျောင်ဂုသည် တစ်စုံတစ်ခုအားပြင်းပြင်းထန်ထန်တောင်းတလာလေပြီ။ ဂျောင်ဂုချက်ချင်းသဘောပေါက်ကာ ထိုကောင်လေးအားဒေါသတကြီးကြည့်လိုက်သည်။

ထိုအချိန်တွင်သူ၏ဘေးကိုဘယ်ချိန်ကတည်းကရောက်နေမှန်းမသိသောကောင်မလေးသည်သူ၏ပေါင်များကိုပွတ်သပ်လာသည်။ ထိုကောင်မလေးကိုကြည့်လိုက်သောအခါ ဂျောင်ဂုချက်ချင်းသဘောပေါက်သွားသည်။

"မင်းအဲ့လောက်အရှက်မဲ့နေလားဟမ် ငါ့နောက်ကနေလိုက်လာပြီးအခုလိုထိလုပ်တဲ့အထိမင်းမှာစောက်ရှက်တစ်စက်မှမရှိဘူးလား"

ဂျောင်ဂု၏အသံသည်ဒေါသတွေနှင့်ပြည့်နှက်နေသည်။ ဆေးမိထားသောကြောင့်ဖြစ်နေသောဆန္ဒတွေကိုခက်ခက်ခဲခဲမျိုသိပ်ထားရသောကြောင့် လည်ပင်းကြောတွေထောင်ကာ ချွေးစေးများပြန်နေသည်။hana ကတော့ဂျောင်ဂုပေါင်ကိုပွတ်သပ်မြဲ

"ကိုကိုကလဲ အရင်ကလဲဒီလိုဖြစ်နေကြပဲကို..လာပါနာသေချာပြုစုပေးမှာပေါ့"

ဂျောင်ဂု သူ့အားဖက်တွယ်လာသော hana ကိုတွန်းထုတ်ကာ ဆိုင်အပြန်ထွက်ရင်ပြင်လိုက်သည်။ သို့သော်ထပ်ရောက်လာပါသော ခါးထပ်ကလက်တစ်စုံ။ ဂျောင်ဂုထိုလက်တွေကိုခပ်ကြမ်းကြမ်းခွာလိုက်ကာ hanaအားတွန်းထုတ်လိုက်သည်။ အရက်သောက်ထားသောအရှိန်၊ဆေးမိထားသောဒဏ်ကြောင့် တွန်းလိုက်သောအားသည်ထင်သလောမကြီး။သို့သော်ခုံစောင်းနှင့်တိုက်မိကာ နှာဖူးထိသွားသောထိုမိန်းမသည်တော်ရုံပြန်မထနိုင်တော့။ ဂျောင်ဂုထိုသည်ကိုအခွင့်ကောင်းယူကာ အားတင်း၍ဆိုင်ပြင်သို့ထွက်လာကာ ကားပေါ်တက်ပြီးအိမ်ကိုအမြန်မောင်းလာရတော့သည်။

DESTINYDonde viven las historias. Descúbrelo ahora