အပိုင်း(၁၃)

1.5K 210 4
                                    

Uni
"ဒေါက်တာpark ဆေးထည့်ပေးတာမှမဟုတ်ရင်ဆေးမထည့်ပါဘူးဆိုဗျာ"

"ဒေါက်တာparkကခုနကလူနာကြည့်ပြီးအခုနားနေတာမို့လို့ပါ ပြီးတော့လူကြီးမင်းရဲ့လက်ကသွေးတအားထွက်နေလို့ ကျွန်မတို့ပဲဆေးခည့်ပေးပါရစေ"

သူနာပြုဆရာမ​လေး၏ရှည်လျားသည့်ရှင်းပြသံအဆုံးဂျောင်ဂုတွေဝေမိသွားသည်။သို့သော်သူတွေဝေသည်ဆိုတာကတခဏသာတာ။သွေးထွက်လွန်ရင်သူ့ရဲ့ဒေါက်တာလေးနဲ့ပိုပြီးတွေ့ရအုံးမယ်မလား။

"မထည့်ဘူးဆိုမထည့်ဘူးဗျာ ဒေါက်တာparkကိုပဲခေါ်ပေး"

သူနာပြုဆရာမလေးသည်သူ့အားကြည့်ရင်းသက်ပြင်းတစ်ချက်ချသည်။ထို့နောက်ထပ်ရှင်းပြရင်ပြင်နေတုန်း

"ဘာတွေဖြစ်နေကြတာလဲ"

ကြည်လင်နေသောအသံလေးသည်သူနာပြုဆရာမလေး၏နောက်ပါးဆီမှထွက်လာလေသည်။ဂျောင်ဂုသည် အသံလာရာသို့လှန်းကြည့်လိုက်ပြီးသာ့်အခါ EDM ပွဲသို့ရောက်သံားသည့်လူတစ်ယောက်လို ကခုန်ချင်လာတော့သည်။သို့သော်ထိုသို့လုပ်လို့မဖြစ်တာကြောင့် မျက်နှာကိုအတတ်နိုင်ဆုံးငယ်လိုက်ပြီး

"ဒီကဆရာမတွေပေါ့ ကျွန်တော်ကဒေါက်တာနဲ့ပဲဆေးထည့်ချင်တာပါဆို လက်ကိုအတင်းလာဆွဲကြတယ်အခုသွေးတွေအများကြီးထွက်နေပြီ"

သူထိုသို့ပြောလိုက်သောအခါဆေးဗန်းလေးကိုင်ပြီးဝင်လာကတည်းကသူနှင့်၆ပေအကွာတွင်ရပ်နေသောသူနာပြုဆရာမလေးက ကြောင်တောင်တောင်လေးကြည့်သည်။ပြီးမှာသူ၏ဒေါက်တာလေးဘက်လှည့်ကာ

"မ မဟုတ်ပါဘူးဒေါက်တာရယ် ကျွန်မလက်ကိုမဆွဲရသလို အခုရပ်နေတဲ့နေရာနားကလဲတစ်ဖဝါးမှမခွာရသေးပါဘူး ဒီကလူနာက ဆရာနဲ့ပဲဆေးထည့်မယ်ချည်းပြောနေတာပါ"

ဂျီမင်းလူနာတွေကြည့်ပြီးခဏနားနေတုန်းဗိုက်ဆာလာတာကြောင့်ဆေးရုံကန်တင်းသွားရန်အောက်ထပ်သို့ဆင်းလာခြင်းဖြစ်သည်။အောက်ထပ်သို့ရောက်တော့ ဆေးထည့်ခန်းတွင်ငြင်းခုံသလိုအသံမျိုးတွေနှင့်ဆူညံနေတာကြောင့်လာကြည့်ခြင်းဖြစ်သည်။အခန်းဝရောက်တော့ ငြင်းခုံနေသူမှာအခြားသူမဟုတ် မနက်ကသူ့လက်အားပိုင်စိုးပိုင်နင်းကိုင်သွားသော ယုန်လူသားသာ။

DESTINYOpowieści tętniące życiem. Odkryj je teraz