အပိုင်း (၁၅)

1.5K 208 5
                                    

Uni
ဂျောင်ဂုဂျီမင်းကိုဖွင့်ပြောပြီးသည့်အချိန်မှစ၍ ဂျီမင်းနောက်တကောက်ကောက်လိုက်ခဲ့သည်။ဂျီမင်းကတော့ ဂျောင်ဂုအားတွေ့သည်နှင့် သမင်ပျိုနောက်ကျားလိုက်သလို မိုင်ကုန်ထွက်ပြေးတတ်သည်။ဂျောင်ဂုဆေးရုံရှေ့မှာရှိလျှင် ဆေးရုံနောက်ဘက်ကထွက်သွားတတ်သည်။ထိုသို့ပြေးရခြင်းမှာလဲ ဂျွန်ဂျောင်ဂုဆိုသော တရားခံကြောင့်သာ။ အဖြေပေးဖို့အချိန်နည်းနည်းထပ်ပေးပါလို့ပြောမိတာကို မပေးရင် ခိုးပြေးမယ်ပြောလိုက် ဖက်နမ်းမယ်လုပ်လိုက်မို့ ဂျီမင်းထွက်ပြေးနေရခြင်း။အခုလည်း ဆေးရုံရှေ့ဂျောင်ဂုရှိနေတာမို့ နောက်ပေါက်ကပြေးရန်ဂျီမင်းထွက်လာခဲ့သည်။
ကိုယ့်မိသားစုပိုင်ဆေးရုံကနေကိုယ့်အိမ်ပြန်ဖို့ကိုဂျီမင်းမှာသူခိုးချောင်း ချောင်းနေရသည်။

"jiminnie ဘာလုပ်နေတာလဲ"

"အမလေး!!"

ခေါင်းလေးထွက်ကာဟိုဘက်ဒီဘက်ချောင်းနေသောအချိန်တွင် သူ့ပုခုံးကိုပုတ်ပြီးထွက်ပေါ်လာသောအသံတစ်သံ။ ရှိသမျှဘုရားအကုန်တကာဆုတောင်းပြီးလှည့်ကြည့်လိုက်သည်။သူထင်ထားတဲ့သူမဖြစ်ပါစေနဲ့။

"ဟင် ဘာလုပ်နေတာလဲလို့"

သို့သော် သူ့ဆုတောင်းတွေသည်မပြည့်ခဲ့။သူ့နောက်တွင်ခါးထောက်ကာမတ်တပ်ရပ်နေသောဂျောင်ဂုကိုတွေ့လိုက်သည်နှင့် ဂျီမင်းသည် ကျားတစ်ကောင်ကိုတွေ့လို့ပြေးတော့မည့်သမင်လေးလိုလှည့်ပြေးရန်ကြံလိုက်သည်။

"ဟိတ် ဒါကဘယ်ပြေးမှာလဲ"

ဂျီမင်း၏အကြံတွေသည်ကြက်ပျောက်ငှက်ပျောက်ဖြစ်သွားရသည်။အကြောင်းမှာ သူ့အားခါးကဆွဲဖက်လိုက်သောဂျောင်ဂုကြောင့်ပင်။

"ဘာလုပ်တာလဲ လွှတ်"

ဂျီမင်းရုန်းလျှင်ဂျောင်ဂုကပိုတိုး၍ဖက်လျှင်ပင်ဖြစ်သည်။

"ကျွန်တော့်ကိုဘာလို့ရှောင်နေတာလဲ"

"ဟင်..ဟို မ မရှောင်ပါဘူး ဘာလို့ရှောင်ရမှာလဲ"

မျက်နှာလွှဲကာဖြေနေသော ပန်းရောင်လူသားလေးကိုဂျောင်ဂုအသဲယားလာတာကြောင့်တစ်ချက်ဖြစ်ညှစ်လိုက်မိသည်။

DESTINYDonde viven las historias. Descúbrelo ahora