အပိုင်း (၁၉)

1.5K 188 3
                                    

Uni
နေမင်းကြီး၏အလင်းရောင်နှင့်အတူ ကျေးငှက်တို့၏အော်မြည်သံတို့သည်ပေါ်ထွက်လာလေပြီ။ပြတင်းပေါက်မှန်ကိုဖြတ်ကာဝင်ရောက်လာသောနေရောင်ခြည်နုနုတို့သည်ဂျောင်ဂု၏မျက်နှာပေါ်သို့ကန့်လန့်ဖျက်စွာကျရောက်လာသည်။

သွယ်တန်းနေသောမျက်ခုံးနှစ်ခုတို့သည် ထိလုမတတ်ကျုံ့သွားရသည်။ မှိတ်ထားသောမျက်ဝန်းတို့သည်နေရောင်ခြည်၏ထိရောက်မှုအောက်တွင်ပို၍ကျုံ့သွားရသည်။ အိပ်ယာထရမည့်အချိန်ရောက်နေပြီဖြစ်တာကြောင့် အိပ်ယာထရန်ပြင်ဆင်လိုက်သည်။ အပျင်းကြောကိုဆန့်ကာ ထထိုင်လိုက်သည်။သို့သော်မှိတ်ကျနေသောမျက်ဝန်းတစ်စုံတို့သည်ယခုချိန်ထိမဖွင့်ရသေး။ မနက်အိပ်ယာနိုးလာရင်လုပ်လေ့ရှိသည့်အကျင့်တစ်ခုဖြစ်သည့် ဇာတ်ကိုဟိုဘက်ဒီဘက်အသံမြည်အောင်ချိုးလိုက်သည်။ ပြီးနောက်မှမျက်ဝန်းတစ်စုံတို့ကိုဖြည်းညှင်းစွာဖွင့်လိုက်သည်။

ပထမဦးစွာမြင်လိုက်ရသည့်အရာသည် စောင်ပုံကြားထဲမှထိုးထွက်နေသည့်နီတာရဲခြေဖဝါးလေး။အပေါ်သို့တစ်ဖြည်းဖြည်းအကြည့်တွေရောက်လာသည့်အခါ ပုခုံးထက်ထိလုံအောက်ခြုံပြီးအိပ်နေသောလူသားငယ်။ ခေါင်းလုံးလုံးလေးသည်မြင်နေရသည်။ ထိုလူသားငယ်ကိုမြင်သည်နှင့်ဂျောင်ဂု၏မျက်ဝန်းထဲတွင် ညကအဖြစ်အပျက်များကနေရာယူလာသည်။လရောင်အောက်တွင်လှရက်နိုင်လွန်းသောဤလူသား။ သူ့အတွက်စဥ်းစားပေးကာ သူ၏ဘဝကိုပေးအပ်ခဲ့ပါသောဒီလူသား။ ဤလူသားသည်သူ့အားပို၍အချစ်များတိုးလာစေသည်။

ဂျောင်ဂုသည်ထိုလူသား၏ဘေးနားသို့သွားကာ နောက်ကသိုင်းဖက်လိုက်ပြီး ပါးဖောင်းဖောင်းလေးကိုအသာနမ်းလိုက်သည်။ သူ၏အထိအတွေ့ကြောင့်ထင်..ထိုလူသားသည်အင်းအဲအသံပြုကာနိုးလာလေသည်။ထို့နောက်သူ့ကိုကျောပေးထားရာကနေ သူ့နှင့်မျက်နှာချင်းဆိုင်ဘက်သို့လှည့်လာကာ

"နိုးနေပြီလားမောင်"

မျက်လုံးလေးတွေသည်မဖွင့်သေး။ အမေးစကားပြုပြီး သူ၏ရင်ခွင်ထဲသို့တိုးကာ ထပ်အိပ်နေသည်။ရင်ခွင်ထဲရောက်လာသည့်hyung အားဂျောင်ဂုဖက်ထားလိုက်ပြီး

DESTINYحيث تعيش القصص. اكتشف الآن