Origami 04

605 96 0
                                    

-Unicode-

Freckles လေးတွေကိုသာ Origami လို ပုံသွင်းရကြေးဆို ကိုယ် ရူးရချည်ရဲ့ ...

➿➿➿➿➿➿➿➿➿➿➿➿➿

ဆေးရုံကအပြန် Felix မေမေက နှစ်ယောက်လုံးလာခဲ့ဖို့ ခေါ်တာမို့ Felix အိမ်ကိုပဲ တန်းလာခဲ့ကြသည်။ Hyunjin က ဘာမှစကားမဆိုတာကြောင့် အိမ်အပြန်လမ်းလေးက လိုတာထက်ပိုတိတ်ဆိတ်နေသည်။

ရုတ်တရက်ဆိုသလို ကျောပြင်ကို မျက်နှာအပ်လာသည့် Hyunjin ကြောင့် အံ့အားသင့်သွားပေမယ့် ...

"ကျေးဇူးပါ Lix"

ပြီးတော့ တစ်ဆက်တည်းမှာဘဲ Felix ရဲ့ ခါးသွယ်လေးကို တင်းကြပ်စွာဖက်တွယ်လာတာကြောင့် မနေတတ်မထိုင်တတ်ဖြစ်ရပေမယ့် ဖက်တွယ်ထားသူက Hyunjin မို့ ငြိမ်နေပေးလိုက်သည်။

ဘာတွေကြားခဲ့ရလဲ မသိပေမယ့် Hyunjin ပြောပြမှသာ နားထောင်ဖို့ဆုံးဖြတ်လိုက်သည်။

➿➿➿➿➿➿➿➿➿➿➿➿➿

"Mom ကျွန်တော်တို့ ရောက်ပြီ"

"လာကြပါရှင် စောင့်နေတာပါ သား Hyunjin က​လေးလေး နေကောင်းတယ်နော် အန်တီက အရသာရှိတာတွေ အများကြီးချက်ထားတယ် အဝစားရမယ်နော်"

"ဟုတ် အန်တီ အန်တီလည်း နေကောင်းတယ်နော် လူငယ်ဖြစ်တဲ့ ကျွန်တော်က အရင်ဆက်သွယ်ရမှာကို အားနာလိုက်တာ အန်တီရယ်"

"ရပါတယ် ကလေးရယ် ကျောင်းတစ်ဖက်နဲ့ မအားတာ အန်တီလည်း သိပါတယ် ကျောင်းက ကလေးတွေ ထိန်းရ အန်တီ့ကလေးဆိုးကြီး ထိန်းရနဲ့"

"MoM!!!"

သူ့ကို ပြောနေတာကြောင့် အသံရှည်စွဲ အော်တော့တာပဲ။

"Felix က ကျွန်တော်နဲ့သာ ဆိုးတာပါ အန်တီ့ကိုကျ ချစ်ရှာပါတယ်"

"Yah!!! Hwang Hyunjin အာချောင်မနေနဲ့ လာ ဗိုက်ဖြည့်မယ်"

"အဲ့တာသာကြည့် သားရေ သွား သွား သားရဲ့Felixက သားနဲ့မှ ဖြစ်တာ အန်တီ့များ အရေးကိုမလုပ်တာ"

သားအမိနှစ်ယောက်ကြား ရယ်နေရုံကလွဲ သူလည်း မသိတော့ပါ။ Felix အဆိုးအဆာလေးက သူ့မေမေကို ချစ်ပါရက်နဲ့ ထုတ်မပြတာမို့ ဂျစ်တူးလေး ဖော်ကောင်လုပ်ခံရတာကြောင့်ရှက်ရမ်းရမ်းပြီး Hyunjin ကိုသာ ဂျိုပေးနေတော့သည်။ Hyunjin ကလည်း ငါ ဘာလုပ်လို့လဲဆိုပြီး ပုခုံးသာတွန့်ပြလိုက်သည်။

Origami အပိုင်းအစများWhere stories live. Discover now