-Unicode-
(01)
စက္ကူအရောင်အသွေးစုံကို ကျွမ်းကျင်သပ်ရပ်စွာ ဆော့ကစားနေသည့် လက်သွယ်သွယ်လေးတွေက ကျွန်တော့်ဘဝကိုပါ ပြောင်းပြန်ဖြစ်သွားစေတဲ့အထိ ဆော့ကစားနိုင်ပါလျှင် ...။
(02)
လေသာအရပ်မှာလည်း အတူရပ်မယ်။ လေညာအရပ်မှာလည်း အတူဆန်မယ်။ ခဗျားရဲ့ရပ်ဝန်းမှာလည်း ကျွန်တော် ရှိမှာမို့ စက္ကရုပ်လေးတွေလိုသာ ပေါ့ပါးလွတ်လပ်စွာ ရှင်သန်ပါ ခဗျားရေ...။
(03)
စက္ကူရုပ်လေးတွေကို အချိုးကျကျ ချိုးခေါက်လို့ရသလို Freckles လှလှလေးတွေအပြည့် ဝန်းရံထားတဲ့ မျက်လုံးလှလှလေးတွေကိုလည်း ပြုံးစေ ရယ်စေ ဝင်းလက်စေရမှာပေါ့ဗျာ။
(04)
Freckles လေးတွေကိုသာ Origami လို ပုံသွင်းရကြေးဆို ကိုယ် ရူးရချည်ရဲ့ ...။
(05)
လေပြည်အသော့မှာ
အဝါရောင်ခန်းစည်းလေး
လှုပ်ခတ်ပါစေ
စက္ကူငှက်လေး
လွင့်လူးပါစေ...။(06)
ဝေးဝေးပြေးမရတဲ့ စိတ်တို့က
ချည်တိုင်မလိုတာမို့
စိတ်ချလက်ချ လွှတ်လိုက်ပါ
စက္ကူငယ် ... ။(07)
အတောင်ပံတွေ ဖန်တီးဖို့မလို
လေနှင်ရာလည်း လွင့်ဖို့မလို
အဖြူထည်စက္ကူလေးက ကိုယ့်ရဲ့အရာရာမို့ ရင်ခွင်မှာ အသာလေး ဖွက်ထားချင်တာ ...။(08)
ပျံသန်းနိုင်စွမ်းမရှိတဲ့ စက္ကူငယ်လေးကို နာကျင်စေချင်သေးတာလားကွယ်...
ခေါက်ရိုးကျိုးနေတဲ့ ငှက်ငယ်လေးမို့
အပျံသင်လို့လည်းမရ...
နားခိုလို့လည်းမရ။(09)
နာဖျားချင်လာတဲ့စိတ်ကလေးက ခဗျားဆိုတဲ့ဝပ်ကျင်းလေးကို ရှာသတဲ့။
ရနံ့မပါတဲ့ပန်းတွေ ဘာအတွက်ဝေပါသလဲ။
ကျွန်တော်ကတော့ ခဗျားကိုပဲ အလိုရှိပါတယ်။
ဒီလိုပါပဲ တစ်ယောက်တည်းလို့ ထင်လာတဲ့အခါ
အံ့အားသင့်စွာ တစ်ကယ်လည်း တစ်ယောက်တည်းပါပဲ။
ခဗျားဆီမှာ တိမ်တွေပြိုသလား။
ဒီကောင်ကတော့ စိတ်မှန်းနဲ့ ငိုတယ်။
ဝပ်ကျင်းလေးက ဝေးတယ်။
နာဖျားချင်တဲ့စိတ်ကလေး ဒဏ်ရာမရအောင်
နှာခေါင်းစည်းလေးတပ်မယ်။
လူများတဲ့နေရာရှောင်မယ်။
ပြီးတော့ ...
ခဗျားကိုလည်း ရှောင်မယ်။