-Unicode-
အတောင်ပံတွေ ဖန်တီးဖို့မလို
လေနှင်ရာလည်း လွင့်ဖို့မလို
အဖြူထည်စက္ကူလေးက ကိုယ့်ရဲ့အရာရာမို့ ရင်ခွင်မှာ အသာလေး ဖွက်ထားချင်တာ ...➿➿➿➿➿➿➿➿➿➿➿➿➿
Felix တစ်ယောက် Hyunjin ရင်ခွင်ထဲ ဆွဲအသွင်းခံရပြီးကတည်းက Hyunjin ကို သိသိသာသာရှောင်နေသည်။ ဖုန်းလည်း စပြီးမဆက်သလို message ပို့ရင်လည်း Hyunjin ကသာ လက်မောင်းပြုတ်မတတ် ပို့နေပေမယ့် သူကတော့ အင်း/ok/no/so? လောက်သာ။ အရင်က တောက်တဲ့လို Hyunjin နားကပ်နေတဲ့သူက ရုတ်တရက်ခုလိုတွေလုပ်နေတော့ နည်းနည်းတော့စဉ်းစားရကျပ်စေသည်မဟုတ်ပါလား။
"ဆရာ Sam? ဟုတ်တာပဲ ကလေးတွေနဲ့ အဆင်ပြေရဲ့လား ပင်ပန်းမှာပေါ့"
"မင်္ဂလာပါ ကျောင်းအုပ်ကြီး ! ကျွန်တော်နဲ့ ကလေးတွေက အဆင်ပြေပါတယ် နည်းနည်းပင်ပန်းပေမယ့်ပေါ့ ပျော်ပါတယ်"
နှစ်လိုဖွယ်အပြုံးလေးနဲ့ အေးအေးဆေးဆေးလေး ဖြေလာတဲ့ Hyunjin ကို ကြည့်ပြီး ကျောင်းအုပ်ကြီး ပြုံးမိသည်။ ဒီလို လူသားလှလှလေးက စိတ်ထားလှလှလေးပါ ပိုင်ဆိုင်ထားသည်တဲ့လား ဆိုတဲ့ စိတ်ထဲမှာပြောနေမိတဲ့စကားတွေကိုတော့ ထုတ်မပြောခဲ့ပေ။
"ဒါနဲ့ Samရဲ့ လူဆိုးလေးတောင် မတွေ့ပါလား ခါတိုင်းဆို ညနေလာကြိုရင်ကြို မကြိုရင် မနက်ခင်းတိုင် လိုက်ပို့နေကျမို့ သတိထားမိနေတာ သူငယ်ချင်းတွေ အတော်ချစ်ပုံရတယ်နော် တတွဲတွဲနဲ့"
"အာ!! Felix ကိုပြောတာထင်တယ် ဟုတ်တယ် အလုပ်များနေလို့လားမသိဖူး ကျွန်တော့်ဆီလာကိုမလာဖူး ညနေမှ ဖုန်းဆက်ကြည့်ရဦးမယ် ကျောင်းအုပ်ကြီး ပြောစရာမရှိတော့ရင် သွားခွင့်ပြုပါဦး ကလေးတွေနိုးရင် စားဖို့ ပြင်စရာရှိတာ သွားပြင်လိုက်ဦးမယ်"
"အေး အေး သွား သွား သွားတော့ ညနေလည်း နောက်ကျတဲ့အထိ မနေနဲ့နော် စားဖိုဆောင်က သူ့ဘာသူ လူရှိတယ် နောက်ပိုင်းကိစ္စ သူတို့ဘာသာ ရှင်းလိမ့်မယ် သူငယ်ချင်းကို အချိန်ပေးလိုက်ဦး ကဲ ကဲ ဆက်လုပ်"
➿➿➿➿➿➿➿➿➿➿➿➿➿
Felix က သူ့စိတ်နဲ့သူအဆင်မပြေတိုင်း လူတွေနဲ့ဝေးရာကိုထွက်ပြေးတတ်သည်။ ဘာရယ်ကြောင့်မဟုတ်ဘဲ စကားတွေပြောရမှာ ဖြေရှင်းရမှာထက် ဝေးဝေးရောက်အောင်ပြေးထွက်ရင် ပြေးထွက် ဒါမှမဟုတ်ရင် တစ်ဖက်လူကို ဝေးဝေးရောက်အောင် တွန်းထုတ်တတ်သည်။