Origami 08

529 82 13
                                    

-Unicode-

ပျံသန်းနိုင်စွမ်းမရှိတဲ့ စက္ကူငယ်လေးကို နာကျင်စေချင်သေးတာလားကွယ်...
ခေါက်ရိုးကျိုးနေတဲ့ ငှက်ငယ်လေးမို့
အပျံသင်လို့လည်းမရ...
နားခိုလို့လည်းမရ။

➿➿➿➿➿➿➿➿➿➿➿➿➿

"သားငယ် Felix အခန်းထဲကထွက်ခဲ့ဦးလေ ကလေးလေး တစ်ခုခုထွက်စားဦး Mommy သားကြိုက်တာတွေချည်း ချက်ထားတယ် အပြင်ထွက်ခဲ့ပါဦးကွယ် မေမေ့သားလေး မျက်နှာတောင် မေ့ချင်နေပြီ"

အခန်းထဲက ဘာသံမှထွက်မလာတာမို့ လေးပင်တဲ့ခြေလှမ်းတွေနဲ့သာ လှည့်ပြန်ခဲ့ရသည်။ ဘယ်သူမှမမှားတဲ့ အခြေအနေတစ်ခုမှာ သားဖြစ်သူကို ဘယ်လိုနားချရမလဲမသိတော့ပေ။

"ကလေးတွေနဲ့လည်း ခက်ပါတယ် အင်း နှစ်ယောက်သား ဘာကိစ္စတွေ ရှိနေလို့ပါလိမ့် Hyunjin လေးကလည်း နှုတ်ဆက်တောင်မသွားဖူး ဘယ်လောက်ကြာမယ် ဘယ်တော့ပြန်လာမယ်လည်းပြောမသွားဖူး ဒီလိုနဲ့ ငါ့သားလေးကရောဂါရတော့မယ် အမလေး မကောင်းတဲ့ကောင်လေး ပြန်လာမှကို နာနာဆူပစ်ရမယ်"

အမေတစ်ယောက်အနေနဲ့ သိသင့်သလောက်တော့သိပါသည်။ ထုတ်မေးကာမှ နည်းပေးလမ်းပြဖြစ်မှာစိုး၍သာ ဘာစကားမှမဆိုခဲ့ခြင်းဖြစ်သည်။ နှစ်ယောက်ကြားက သံယောဇဉ်တွေက ဘေးလူအမြင်မှာတောင် သိသာနေပါရက်နဲ့ ငယ်ရွယ်သေးတဲ့ နှလုံးသားများက ဒါကိုလက်မခံနိုင်ကြသလို နားမလည်ခဲ့ကြပေ။

➿➿➿➿➿➿➿➿➿➿➿➿➿

[ငါ မေမေ့ဆီ လိုက်သွားပြီ]

ဒီ message တစ်ခုနဲ့အတူ ပျောက်ချင်းမလှပျောက်သွားသည့် Hyunjin ကို Felix နားမလည်ပေးနိုင်သလို ဘယ်ချိန်ကတည်းက သွားဖို့ပြင်ဆင်နေခဲ့ပြီး အဆင်သင့်ဖြစ်နေခဲ့သလဲဆိုတာစဉ်းစားရင် ပိုတောင်အံ့ဩမိသည်။ ပြေးကြည့်မှ ဒီနှစ်ယောက်တည်းရှိတာကို ဘာမှလည်းမပြောပြတာမို့ ပိုစိတ်အချဉ်ပေါက်သည်။ ခုတော့ ဘာမပြောညာမပြောနဲ့ message လေး တစ်ခုလေးနဲ့သာ သူ့ကို ပစ်စလတ်ခတ်ပစ်ထားခဲ့သည်။

မာနကြောင့်ပဲပြောမလား။ စိတ်ဆိုးနေတုန်းမို့လားမသိ Felix ကတော့ Online ကနေတောင် မဆက်သွယ်ခဲ့ပေ။ သူ့မေမေကို တွေ့ချင်စိတ်ကို နားလည်ပေမယ့် နိုင်ငံရပ်ခြားထိလိုက်သွားမှာကို သူ့ကျောင်းက ဆရာမလေးတွေနဲ့လုပ်ဖော်ကိုင်ဖက်တွေက သိရပြီး သူတစ်ယောက်သာ ဘာမှမသိရတာကို နောက်မှသိလိုက်ရတဲ့အခါ ပိုစိတ်တိုသွားသည်။

Origami အပိုင်းအစများTempat cerita menjadi hidup. Temukan sekarang