-Unicode-
မင်းသာဖြစ်ပါစေ
မင်းရှိရာကိုပဲ မျက်နှာမူထားသူမို့
ဘယ်လိုထိရှတိုက်ခတ်မှုအတွက်မဆို
တည်ရှိနေမယ့် လေရဟတ်ငယ်ရယ်ပါ။
စောင့်စားခြင်းမဟုတ်ဘဲ တည်ရှိခြင်းနဲ့ ဆီးကြိုနေမှာမို့
လွတ်လပ်စွာ တိုက်ခတ်ပါ ဝေ့ဝဲပါ
ခိုနားပါ...။
တစ်ကြိမ်တစ်ခါသာ...။➿➿➿➿➿➿➿➿➿➿➿➿➿
Hokkaido ရာသီဥတုကို မကြိုက်တဲ့အထဲမှာ ခုလိုအသည်းခိုက်အောင် အေးပြီး နှင်းထုကြီးမားတာမျိုးလည်း ပါသည်။ ဘယ်နေရာကြည့်ကြည့် နှင်းထုဖွေးဖွေးကနေရာယူထားပြီး ရှေ့ ၃ ကိုက်အတွင်းကိုတောင် သေချာမမြင်ရနိုင်လောက်အောင်ကို နှင်းတွေက ဝရုန်းသုန်းကားကျနေပြန်သည်။
အခုလည်း မနက်စောစောထပြီး Hot Spring အဝင်လမ်းမပေါ်က နှင်းခဲတွေ သန့်ရှင်းရေးလုပ်နေရသည်မှာ သိပ်တော့အဆင်မပြေလှ။
"Shit ဒီနှင်းစုတ်တွေကလည်း ကုန်ကိုမကုန်နိုင်ဖူး ငါကရှေ့ကလှည်း နောက်ကကျနဲ့ စိတ်တွေရှည်တယ်နော်"
တစ်ယောက်တည်း မြည်တွန်တောက်တီးရင်း ကုတ်ကုတ်ကုတ်ကုတ်နဲ့ သန့်ရှင်းရေးဆက်လုပ်နေသည်။
"ကိုကို Hwang ဘာတွေတစ်ယောက်တည်းပြောနေတာလဲ သမီး ကူပေးရမလား"
ကီမိုနို မနိုင်မနင်းဝတ်ထားပြီး အမွှေးပွအနွေးထည်ကြားက ပေါက်စလေးက မြေခွေးမလေးအလား။
"အိုက်ဂူး ကိုကို့သည်းတုန်းလေး အစောကြီးနိုးနေတာလား"
"မစောတော့ပါဖူး သူဌေးမလေးက ဒီလို ဝီရိယကောင်းမှ ပိုက်ဆံများများရှာနိုင်မှာပေါ့ အဲ့ခါကျရင် ကိုကို Hwang ကိုလည်း မုန့်တွေအများကြီးဝယ်ကျွေးလို့ရမှာ"
"အားးးး ကိုကို့ Boss Lady လေးက ကိုကို့ကို မုန့်ဝယ်ကျွေးချင်တာလား ချစ်ဖို့ကောင်းလွန်းလို့ ကိုကိုရူးတော့မှာပဲ"
အတတ်ပတတ်လေးက ဒီလိုစကားတွေနဲ့ခြွေနေတာကြောင့် အရည်ပျော်ကျမတတ်။ ဝမ်းကွဲညီမလေးပေမယ့် သူနဲ့အသက်အတော်ကွာသည်။ ခုမှ ၅နှစ်ကျော်ကျော်ရှိသေးတာမို့ သူနဲ့ ၁၇ နှစ်လောက်ကွာတာကြောင့် သူ့မှာ အူတယားယားချစ်ရရှာသည်။ ထူးဆန်းတာက Hyunjin မေမေတို့ညီအမတွေ ဘယ်လိုများမွေးထားသည်မသိ။ ကလေးမလေးမှာပါ Hyunjin လို ဘယ်ဘက်မျက်လုံးအောက်တွင် မှဲ့နက်ထင်းထင်းလေးရှိနေတာပင်။