-Unicode-
"ကိုကို! Surprise!!!"
သဲသဲကဲကဲလေးက ကိုရီးယားပြန်ပြီး ၁လကျော်ကျော်လောက်တော့ အောင့်အီး သည်းခံနေပေမယ့် မရတော့ ဘဲကြီးကို အရမ်းလွမ်းတာကြောင့် Hokkaido ကို တစ်ခေါက်ပြန်ရောက်သွားသည်။
နေ့တိုင်း video call ပြော စာတတောင်တောင်ပို့နေတာတောင် တစ်ခွန်းမပြောဘဲရောက်ချလာသည်။
ကဲကဲသဲသဲတို့က ဦးလေးရှေ့လည်းမရှောင် ဖက်လဲတကင်းမို့ ဦးလေးဖြစ်သူကပဲ ရှောင်ပေးရသည်။
"လုံးဝSurpriseပဲ Lixရယ် ခရီးပန်းဖူးလားလို့ ဆောရီးကွာ ကိုယ်က အမြန်ဆုံး ပြန်ခဲ့ရမှာကို ခုကျ Lix လေး လိုက်လာရပြီ"
"မလိုပါဖူး Samရာ ဘယ်သူလာလာ တွေ့ရဖို့အရေးကြီးတာ ဟုတ်တယ်ဟုတ်"
"အိုက်ဂူး အတတ်ကလေး လာပါဦး ကိုယ့်ကောင်လေးမျက်နှာ ကြည့်ပါရစေဦး အရမ်းလွမ်းနေရတဲ့ မျက်နှာလှလှလေး"
"လှတယ်??? ငါက လှတယ်လား???"
"အင်း လှတာပေါ့ အရမ်းလှ ဒီ freckles လေးတွေနဲ့ ဒီနားကားကားလေးတွေရယ် ဒီမျက်ဝန်းကြည်ကြည်လေးတွေက တကယ့်ကို လှတာ"
"ငါက အဲ့ freckles တွေကြောင့် ကိုယ့်ကိုယ်ကို စိတ်မလုံခြုံသလို ခံစားနေရတာ။ မင်းကလှတယ်ပြောတော့ ပျော်တာပေါ့"
"မင်းရဲ့အစိတ်အပိုင်းတစ်ခုချင်းစီတိုင်းက ကိုယ့်အတွက်အရမ်းလှလွန်းလို့ ကိုယ့်ဖြင့် ဘယ်နားဖွက်ထားရမှန်းကိုမသိဖူး"
"ဟီး အပိုတွေ"
အပိုတွေလို့သာပြောပြီး လက်သေးသေးလေးတွေနဲ့ သိမ်းကြုံးဖက်ရင်း ရင်ခွင်ထဲ တိုးဝင်လာတာမို့ အကောင်ပေါက်လေး သဘောကျသွားမှန်း သိသာပါသည်။
"ဗိုက်ဆာပြီလား Lix ဘာစားချင်လဲ"
"မဆာသေးဖူး ရေအရင်ချိုးမယ် ငြီးစိစိနဲ့ မလန်းဖူး ဖြစ်နေတာ"
"အိုခေ ရေချိုးနှင့် စိတ်ကြည်သွားအောင် ကော်ဖီခါးခါးလေး ဖျော်ခဲ့မယ်"
"ရက်စ် ရက်စ် ရေခဲများများနော်"
ကော်ဖီကိုချစ်တဲ့အချစ်ကလည်း နှစ်ယောက်သားအတူတူ။
