-Unicode-
နေဝန်းနီနီ အနောက်ဖျားဆီ တိုလျှိုးကွယ်ဝှက် တိတ်ဆိတ်ဝန်းကျင် လွမ်းဖွယ်အတိ ထိုထိုပြည်ဆီ သူသာရှိနှင့် ခရီးဦးကြို ပြုမည်ဆိုလျှင် ဤနွေဦးတွင် ကိုယ်သာ ဆက်ဆက်ပြန်ခဲ့မည်။
➿➿➿➿➿➿➿➿➿➿➿➿➿
ရင်ခုန်ဘက်နဲ့အတူသာဆို ဆူးခင်းလမ်းလည်းလျှောက်ရလျှောက်ရတဲ့ သူကြားဖူးပါသည်။ သူဒီကောင်လေးနဲ့ကျမှ ဘယ်လိုသတ္တိတွေရလာသည်မသိ။ ကိုယ့်ကို မကြည်ဖြူတဲ့ အဘိုး အဘွားရှေ့ထိ ဒီကောင်လေးရဲ့လက်ကိုဆွဲပြီး သူတို့ရဲ့ဆက်ဆံရေးကို အသိပေးဖို့အထိ အဆင်သင့်နေခဲ့သည်။ ဒီလောက်ထိကို သူ့ရဲ့ဆုံးဖြတ်ချက်နဲ့ Felix အပေါ်ထားတဲ့သဘောထားတို့က သေချာနေခဲ့သည်။
"Hyunjin အရမ်းမမြန်လွန်းဖူးလား အရမ်းကြီးဝုန်းဒိုင်းဆန်မနေဖူးလား တော်ကြာ လူကြီးတွေ စိတ်အခန့်မသင့်ရင် ဘယ်လိုလုပ်မလဲ"
"မိတ်ဆက်တာက ခုပဲလုပ်လုပ် နောက်ကျမှလုပ်လုပ် လုပ်ရမှာက လုပ်ရမှာပဲလေLixရဲ့။ ဘာလဲ ကြောက်လို့လား မဟုတ်မှ ကိုယ့်ရဲ့တရားဝင်ကောင်လေး အင်း... ကိုယ့်အနာဂတ်သတို့သားလေးအဖြစ် မိတ်ဆက်ပေးတာမလိုချင်လို့လား"
အနာဂတ်သတို့သားလေးဆိုတဲ့အပြောမှာ ရင်ဘတ်ထဲ လိပ်ပြာဆယ်သန်းဝင်မွှေသွားသည့်အလား။
"ငါမကြောက်ပါဖူး မင်းအတွက် စိုးရိမ်လို့။ မင်းရဲ့တရားဝင်ဟိုဒင်းဖြစ်ရမှာ ငါ ငါလည်း ကြိုက်ပါတယ်"
"ဟိုဒင်းကဘာလဲ Lix ရဲ့"
သိပါသည်။ သိပေမယ့် ကောင်လေးနှုတ်ကပြောထွက်လာမည့် သတို့သားဆိုတာလေးကြားချင်၍သာ ညစ်ကျယ်ကျယ်နဲ့ ရူးချင်ယောင်ဆောင်ပြီး တမင်မေးနေခြင်းသာ။
"မင်းရဲ့တရားဝင်ကောင်လေးကွာ မင်းရဲ့သတို့သားလောင်းကွာ ရပြီလား"
စွာတေးက ရန်ပြန်တွေ့တာတောင် နှုတ်ခမ်းတထော်ထော်နဲ့ ချစ်ဖို့ကောင်းနေပြန်တာမို့ အူယားပြီး ပါးတွေနားတွေ ဖွဖွလေးဆွဲကိုက်မိပြန်သည်။
"အာ့ အာ့ Hyunjin နာတယ် မင်းကလည်း ချစ်တာလား ပါပီပေါက်လေးလား မသဲကွဲဖူး"
