Origami 01

2.4K 139 7
                                    

❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️

(Unicode/ Zawgyi ရပါပြီ။ Zawgyi Version နဲ့က အောက်မှာပါ။ Zawgyi ပြောင်းချင်လို့ ခဏ Unpublished လုပ်လိုက်တာပါ။ စိတ်အနှောက်အယှက်ဖြစ်သွားရင် sorry ပါနော်။)

❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️

-Unicode-

စက္ကူအရောင်အသွေးစုံကို ကျွမ်းကျင်သပ်ရပ်စွာ ဆော့ကစားနေသည့် လက်သွယ်သွယ်လေးတွေက ကျွန်တော့်ဘဝကိုပါ ပြောင်းပြန်ဖြစ်သွားစေတဲ့အထိ ဆော့ကစားနိုင်ပါလျှင် ...

➿➿➿➿➿➿➿➿➿➿➿➿

"Felix ဘယ်အချိန်ရှိနေပြီလဲ ခုထိ အိမ်မရောက်သေးဖူးလား"

"ဒီတစ်ပွဲပြီးရင် ပြန်တော့မှာ Sam ဒီတစ်ပွဲပဲ"

"မင်းကိုပြောလိုက်ရင် ဒီလိုချည်းပဲ မနက်ပြိုင်ပွဲလည်း ရှိသေးတာကို"

"Sam !!! လာစားနေတယ် Game က ရှုံးတော့မှာပဲ ဒါပဲမလား ဖုန်းချလိုက်ပြီ"

အကျင့်စရိုက်မတူ ဘဝအတွက် အသက်မွေးဝမ်းကြောင်းလုပ်ကိုင်တာချင်းမတူတဲ့ ဒီလူငယ်လေးနှစ်ယောက်ရဲ့ သံယောဇဉ် အနက်အရှိုင်းက ဘယ်အထိ တာသွားသည်ကို သူတို့နှစ်ယောက် ကိုယ်တိုင်လည်းမသိသလို ဘယ်သူတစ်ဦးတစ်ယောက်မှလည်း မသိချင်ခဲ့။

"ဟယ်လို Sam ငါ ပြန်နေပြီ မင်းလည်း အိပ်တော့ ကလေးတွေအိမ်စာ စစ်နေတုန်းလား ညနက်ထိမနေနဲ့ဦး မနက်ကျောင်းသွားရင် စက္ကူတွေ ဝယ်ဖို့ကျန်နေသေးတာ မေ့နေဦးမယ် အင်း...အင်း...အင်း မမေ့ဖူး မမေ့ဖူး မနက်ပြိုင်ပွဲအမီ လာခဲ့မယ် အင်း Sam Good Night"

➿➿➿➿➿➿➿➿➿➿➿➿➿

"Felix ငါ ဒီမှာ"

"အစောကြီးရောက်နေတာပဲ မင်းကျောင်းကရော ပြောလို့ရရဲ့လား ကလေးတွေ ဘယ်လိုထားခဲ့တာလဲ"

"အမလေး Lee Felix တို့က ဒီလိုတွေတောင် တွေးပေးတတ်နေပြီတဲ့ နေအနောက်ကထွက်တော့မှာ"

"What the f... စောစောစီးစီး ဆဲလိုက်ရ စကားကောင်းပြောတော့လည်း အထူးအဆန်းလုပ်နေတာ ဆဲချည်းနေတော့လည်း ဆဲလို့ ၊ မင်းဟာလေ တကယ် လူ့ဂွစာ ငါ့သူငယ်ချင်းလို့ သူများတွေလျှောက်မပြောနဲ့ ဒီလို out of date ဖြစ်နေတဲ့သူကို ငါမို့ပေါင်းတာ ရိုရိုသေသေဆက်ဆံ"

Origami အပိုင်းအစများTahanan ng mga kuwento. Tumuklas ngayon