Origami 12

654 86 23
                                    

-Unicode-

ငါဖန်တီးပေးမယ့် မင်းရဲ့အတောင်ပံတွေပေါ်မှာ မေတ္တာဓာတ်ကလေး ပတ်ဖြန်းမယ်။ တစ်နေ့ ပျံသန်းလာတဲ့အခါ ငါ့ကိုပြန်ချစ်ပါစေဆိုတဲ့ အစီအရင်လေးပေါ့ အချစ်​ရယ်။

➿➿➿➿➿➿➿➿➿➿➿➿➿

နှင်းဖွဲတွေကြွေနေတဲ့မြင်ကွင်းလေးက ကောင်လေးနှစ်ယောက်ရဲ့ ရင်ခုန်သံတွေကြောင့် ပန်းနုရောင် အခင်းအကျင်းအလား။

"ဘယ်ထိသွားမှာလဲ Hyunjin yahh ငါ အေးနေပြီ"

ဟုတ်ပေသည်။ ဒီအကောင်ပေါက်လေးက အရမ်းအေးတဲ့ဒဏ်ကို မခံနိုင်။ ခုလည်း နှာဖျားလေးတွေ နားရွက်ဖျားလေးတွေ ရဲနေပြီ။ မကြာပါ ဟတ်ချိုး ဟတ်ချိုး အသံလေးတွေ ဆက်တိုက်ထွက်လာတာမို့

"Sorry Lix ရှေ့နားဆို ရောက်ပြီ အရမ်းအေးနေတာလား လက်အိတ်မှ မပါတာ အေးမှာပေါ့ လာ လက်ပေး"

သူဝတ်လာတဲ့ ညာဘက်က လက်အိတ်ကိုချွတ်ပြီး Felix ကို ဝတ်ပေးလိုက်သည်။ လက်အိတ်မရှိတော့တဲ့ သူ့ညာလက်နဲ့  Felixရဲ့လက်အိတ်မပါတဲ့ ဘယ်လက်လေးကို ဆုပ်ကိုင်ပြီး အင်္ကျီအိတ်ထဲထည့်လိုက်သည်မို့ Felix လေးကတော့ အကြောင်သား အတောင့်သားလေး။

"သွားမယ် လာ ဒီလိုဆို အအေးသက်သာပြီမလား"

သူ့ကိုယ်သူ ဘာလုပ်မိတယ် သတိထားမိရဲ့လားမသိတဲ့ Hyunjin ကတော့ ခြေလှမ်းကြဲများနဲ့ ဆက်လျှောက်နေသလို ဘေးမှာ မျက်နှာလေးက နဂိုရဲတာထက် နှစ်ဆဖြစ်နေတဲ့ Felix ကလည်း ထပ်ချပ်မခွါ ခြေလှမ်းကြဲတွေနဲ့ လှမ်းလျှောက်လျက်။

➿➿➿➿➿➿➿➿➿➿➿➿➿

"ကော်ဖီ?"

"အင်း ကော်ဖီဆိုင်လေးပဲ ငါပျင်းတိုင်းလာနေကျ ဒီဆိုင်က ကော်ဖီက ငါတို့သောက်နေကျဆိုင်က အရသာနဲ့တူတယ် ငါကတော့ ကြိုက်တယ်"

ဒီဆိုင်က Americano အေးအေးလေး သောက်လိုက်တိုင်း အတူရှိခဲ့ဖူးတဲ့အချိန်တွေကို ပြန်ခံစားမိတာကြောင့်လို့ဆိုတဲ့ အကြောင်းပြချက်ကိုတော့ ထုတ်မပြောဖြစ်ခဲ့။

"မင်း ဘာသောက်မလဲ နွားနို့ပူပူလေး သောက်ပါလား အေးနေတာဆိုတော့"

Origami အပိုင်းအစများWhere stories live. Discover now