-Unicode-
လေပြည်အသော့မှာ
အဝါရောင်ခန်းစည်းလေး
လှုပ်ခတ်ပါစေ
စက္ကူငှက်လေး
လွင့်လူးပါစေ ...➿➿➿➿➿➿➿➿➿➿➿➿➿
မိုးကာတဲဆိုင်ထဲမှာ တစ်ယောက်တည်း ထိုင်သောက်နေတဲ့ Hyunjin က အနားရောက်လာတဲ့ Felix ကိုတောင် အရေးမစိုက်နိုင်တော့။ အတော့်ကို မူးနေသည်။
"ဒါတဲ့ ကျောင်းဆရာ ကြည့်လိုက်ရင် မူးပြဲနေတာ"
"မင်း ရောက်လာပြီပဲ ဘာလဲ ကျောင်းဆရာကရော အရက် မသောက်ရတော့ဖူးလား အမြည်းမစားရတော့ဖူးလား ငါ့ကိုဆို နေ့တိုင်း နေ့...တိုင်း တွေ့တာနဲ့ ပြောမယ်ဆိုတာချည်းပဲ သွား ပြန်လိုက်တော့ သွား မင်းလိုကောင်နဲ့ အပေါင်းအသင်း မလုပ်ဖူး သွား!!!"
မျက်နှာတွေ နားရွက်ဖျားတွေရဲပြီး အာလေးလျှာလေးဖြစ်နေတာမို့ မူးနေမှန်းသိပြီး Felix အသာလေး လွှတ်ထားလိုက်သည်။ ဘေးနားကခုံမှာ ဝင်ထိုင်ရင်း တစ်ပတ်လုံးမတွေ့ခဲ့ရသည့် မျက်နှာတော်လှလှလေးကို ရှုစားနေမိသည်။
"မပြန်သေးဖူးလား ဆရာလေး Hyunjin မိုးချုပ်တော့မယ်လေ"
"မပြန်ဖူး ထပ်သောက်ဦးမှာ မူးအောင် သောက်မှာ မှောက်အောင်သောက်မှာ"
"ကလေးမိဘတွေမြင်သွားရင် ဘယ်လိုလုပ်မလဲ နောက်မကျခင် ပြန်ကြစို့လေ နော် ငါ ပါဆယ်ဝယ်ပေးမယ် အိမ်ရောက်မှသောက်"
"မင်းက ငါနဲ့အတူ သောက်ပေးမှာမို့လား ငါနဲ့ကျ အတူရှိမနေပေးဘဲနဲ့ သူ့ဂိမ်းနဲ့ အချိန်ကုန်နေပြီး ခုမှလာခေါ်နေတာ ဟေ့ရောင် မင်းနဲ့ မခေါ်ဖူး သွား"
အရက်နဲ့တွေ့ရင် လူတိုင်းက ဒီလို ရစ်တတ်သွားတာလားမသိပေမယ့် Hyunjin ကတော့ အရမ်းမူးလာရင် အသကုန်ရစ်သလို မကျေနပ်တာမှန်သမျှ ထပ်ကာထပ်ကာပြောတတ်တဲ့ အကျင့်ကပေါ်လာသည်။ ဒါကိုလည်း မညည်းမညူဘဲ ပြုံးစစနဲ့ ထိုင်ကြည့်နေသူကရှိသည်။ Hyunjin ပြောသမျှ ခေါင်းငြိမ့်ထောက်ခံပြီး Hyunjin သာ အမှန် Hyunjin သာ အဓိကဆိုတာမျိုး ဒီလိုမူးနေချိန်မှသာ သူ့ဘက်က ဖြည့်ဆည်းပေးနိုင်သည့် အခွင့်အရေးမို့ပင်။