part 1

1.1K 108 0
                                    

Unicode

အိမ်ထောင်ဖက်.....

တစ်ချိန်တုန်းကတော့ အဲ့အိမ်ထောင်ဖက်ဆိုတဲ့ အရာကြီးကို
ကိုယ်ကိုယ်တိုင် ရွေးချယ်ပြီး အချစ်တွေအပြည့်နဲ့ ပျော်ရွှင်ဖို့
ကောင်းလိမ့်မယ်လို့ စိတ်ကူးတွေ ယဉ်ခဲ့ဖူးတယ်။
ဟော တကယ်လဲဖြစ်လာရော မေမေ့သဘောကျ စီးပွားရေးကြောင့်တဲ့လား?
အဟက် ရီဖို့တော့ကောင်းသား......

ဒီနေ့  Jung  မျိုးနွယ်နဲ့ သွားတွေ့ကြည့်ရမှာမလို့ ပြင်နေတာလေ....။

ပြင်နေတယ်ဆိုတော့ အရမ်းကြီးထင်နေလား။
ရှပ်အဖြူလက်ရှည်ကို pant  အနက်ထဲထိုး၀တ် long coat  လေးထပ်၀တ်ရုံပဲ ကိုယ်ကဘာ၀တ်၀တ်
ကြည့်ကောင်းပြီးသား။
ကျနေတဲ့ ဆံပင်ကို ဂျယ်နဲ့လှန်တင်လိုက်တော့ ထင်းနေတဲ့နှဖူးက ဥပတိရုပ်ကိုပိုပြီး တည်ငြိမ်သွားအောင်
လုပ်ပေးလိုက်သလို။

နောက်တော့ ရှူးအနက်လေးစီးပြီး ချိန်းထားတဲ့နေရာကိုသာ
ထွက်ခဲ့လိုက်တော့သည်။

ကြယ်ငါးပွင့် ဟိုတယ်ရဲ့ VIP အထပ်ဖြစ်တဲ့အလျောက်
၀န်ဆောက်မှုကတော့ အပြည့်အ၀ပဲ။  ဖွင့်ပေးထားတဲ့
Jeez  အမျိုးအစား သီချင်းလေးကလဲ စိတ်ကျေနပ်စေတာမလို့ ရှေ့က ကော်ဖီသာသောက်ရင်း
ဇိမ်ခံနေမိသည်။

ဘာလို့အဲ့လောက်ကြာနေတာလဲ။

စောင့်နေရတာ နာရီ၀က်လောက်ရှိပြီ ဆိုသော်လဲ ကိုယ်ကပဲ
စောနေတာလား သူကလဲနောက်ကျနေတာလား မပြောတတ်
အချိန်ကိုသေချာ မပြောလိုက်ရဘူး ။

"ဟင်း "

အခန်းထဲမှာ ကျွန်တော့်ရဲ့ သက်ပြင်းသံက ခပ်လွင်လွင်ထွက်သွားလို့ ပြန်ထိန်းရသေးတယ်။
ခဏနေလို့မှ မလာရင်ပြန်ပြီ။

ဒေါက် ဒေါက် ဒေါက်

ဖိနပ်သံတစ်သံနဲ့အတူ ကိုယ့်၀ိုင်းကို ဦးတည်နေသောကြောင့်
သူမှန်းသိလိုက်ပါပြီ။

"Kim seok jin? "

OMG  အကျိုးတွေတော့နဲပြီ။

ကိုယ့်ရှေ့မှာရပ်နေတဲ့ကောင်လေးသည် Jung gp  ကလို့
ထင်ချင်စရာမရှိအောင်လို့ ဖြစ်နေသည်။ သေးသွယ်သွယ်
ခန္ဓာကိုယ် မျက်နှာခက်သွယ်သွယ်လေးနဲ့ ထိုလူဟာ
ခက်ထန်တဲ့မျက်နှာလေးနဲ့အတူ ကြည့်နေလေတယ်။
ဒါပေမယ့် သေချာကြည့်ရင် ချောတယ် လှတယ် မတူညီတဲ့အစွန်းနှစ်ဖက်လုံးကို အပိုင်စားရထားတယ်။
အလှလေးပဲ သူလေးသာဆို ဟန်ဆောင်လက်ထပ်ရတာ မနစ်နာပါဘူးလေ။

❝ 𝚅.𝙸.𝙿 ❞ ( 𝙲𝙾𝙼𝙿𝙻𝙴𝚃𝙴𝙳 )Where stories live. Discover now