Unicode
"ကဲရောက်ပြီ "
ကားကို ရပ်လိုက်ပြီး ဘေးမှာထိုင်နေတဲ့ဦးကို
ကြည့်လိုက်တော့ seat beltကိုတင်းနေအောင်ကိုင်ကာ ဖြူဖပ်ဖြူလျော်နဲ့ ဦး...."အဟွန့် အဆင်ပြေရဲ့လားဦး "
"အ..အဆင်ပြေပါတယ် အရင်ကလောက်တော့
မဆိုးတော့ဘူး "ကားကိုအမြန်မောင်းလို့ကြောက်နေတဲ့ဦးက
ဟိုနေ့ညက မောင်းတုန်းက ဘာမှမဖြစ်ဘူးလား..။
နောက်နေ့ကျ အမြန်မောင်းလို့ဒဏ်ငွေဆောင်ရတဲ့
အထိမောင်းလာပြီးတော့....ကိုယ့်ကြောင့်ဆိုတဲ့အသိနဲ့ ရင်ထဲနွေးခနဲ။
"အဆင်ပြေရင်ဆင်းတော့လေ ဆေးရုံရှေ့ရောက်နေပြီ"
"ဟုတ်လား..."
အခုမှ beltကိုဆွဲဖြုတ်ပြီး ကားပေါ်က ဆင်းလေသည်။ ဖြူဖတ်ဖြူလျော်ဖြစ်နေတာတော့
မပျောက်သေးဘူး ။အထူးသဖြင့်...."အော် seok ..."
ဆေးရုံထဲ၀င်ဖို့ပြင်ပြီးမှ နောက်လည့်လာတာမလို့
မှန်တံခါးကိုချပြီး နားထောင်လိုက်သည်။"ဟင်"
"ကားကိုဖြေးဖြေးမောင်းပါ ကောင်လေးရယ်
ကိုယ့်ကိုစိတ်မချအောင်လုပ်နေသလားပဲ ""ဦးကလဲ ကျွန်တော်ကဒီလိုပဲ မောင်းနေကြကို ..
ဘယ်လိုမောင်းရမှာလဲ "အလိုမကျသလို ပြောမိတော့ အပြောင်သပ်တင်ထားတဲ့ ဆံပင်ကိုလာဖွသည်။
"ဟာ ပုံသွင်းလာတာကို ဦးနော် "
"ကလေးဆိုးလေး သိပ်လှချင်နေတယ် ဘယ်လိုပဲ
ဖြစ်ဖြစ်ထိန်းမောင်းပါကွာ ကိုယ့်ကိုစိတ်ပူရအောင်
မလုပ်ဖူးမလား ဟင်"အပျော့ဆွဲနဲ့ ချော့နေမှတော့ ဒီကောင်က ဘာမလို့
တင်းခံနိုင်မလဲ။"အွန်း ထိန်းမောင်းပေးမယ် "
"ကိုယ့်ကလေးက လိမ္မာလိုက်တာ.."
"ဒါနဲ့ လာအုံး ဦး ပြောစရာရှိလို့"
သူ့ကိုခေါ်လိုက်တော့ ကားမှန်ထဲကိုခေါင်းလေး၀င်ကာ
ဘာပြောမလဲ နားထောင်နေတယ် ။
أنت تقرأ
❝ 𝚅.𝙸.𝙿 ❞ ( 𝙲𝙾𝙼𝙿𝙻𝙴𝚃𝙴𝙳 )