part 11

785 90 21
                                    

Unicode

"အခုလိုမျိုး ကိုယ့်ကိုလာတွေ့တာ ကိုယ်၀မ်းသာလိုက်တာ"

"အပိုတွေမလိုဘူးအမြန်ပြော"

ဟုတ်တယ်သူအခု သူ့ကို ရက်ရက်စက်စက်ပြောပြီး
လမ်းခွဲသွားတဲ့Kim Tae Hyung ဆိုတဲ့လူနဲ့
တွေ့နေတာပဲ...
ဘာလို့လဲ? ဘာလို့လဲဆို မကြာခင်သူလဲ
ဒီကထွက်သွားတော့မှာမလို့ သူတို့နဲ့ဝေးရာကိုပေါ့ ။
နောက်ဆုံးအနေနဲ့ အရေးမပါတဲ့ဟာသတွေကို ဇာတ်လမ်းတစ်ပုဒ်အနေနဲ့  နားထောင်သွားကြည့်တာပေါ့ ......

"Seok ကိုယ်တောင်းပန်ပါတယ်"

တောင်းပန်တယ်? လွယ်လိုက်တာ....

"ဘာလဲ ခွင့်လွှတ်ပေးဖို့တောင်းဆိုအုံးမလား
အရှက်မရှိလိုက်တာ"

"တကယ်တော့....."

"အချိန်တွေဆွဲမနေနဲ့ ခင်ဗျားအနား တစ်စက်ကလေးမှကြာကြာမနေချင်တာမလို့ မြန်မြန်ပြောပေးလို့ရမလား"

"ကင်ဆာပါ ဦးနှောက်ကင်ဆာပါ....."

"......"

"ကိုယ့်မှာ ဦးနှောက်ကင်ဆာရှိနေခဲ့တာပါ seok"

ဘယ်လို သူ့မှာဦးနှောက်ကင်ဆာ ရှိနေတာတဲ့လား?
သူလိမ်နေတာလား ဒါပေမယ့် ရှေ့က မိုးပြိုမလိုမျက်နှာနဲ့ လူက သူသိရသလောက်တော့
လိမ်နေတာမဟုတ်ဘူး...
ဟင့်အင်း Jung Hoseok မင်းစိတ်ကိုထိန်းစမ်း
သူကမင်းသိထားတဲ့သူမဟုတ်ဘူး မင်းသိထားသလောက် သူကမရိုးသားတော့ဘူး..

"ဟက် အရမ်းကောင်းတဲ့ ဆင်ခြေတစ်ခုပဲ
လုံး၀ကိုခွင့်လွှတ်သင့်တာပေါ့ စိတ်ပျော့တဲ့သူသာဆို
ဒီနေရာမှာ   ငိုချင်းတောင်ချချင်သွားလောက်တယ်
ဒါပေမယ့် ခင်ဗျားသိလား Kim Tae Hyung shii
ခင်ဗျားနဲ့ဝေးသွားတဲ့ ရက်တွေမှာ ကျွန်တော်ဆိုတဲ့ကောင်က အရင်ကလို ခပ်တုံးတုံး မဟုတ်တော့ဘူးဗျ....ဘယ်လိုလုပ်မလဲ   ကျွန်တော်မယုံဘူး "

"မင်းမယုံမှာ ကိုယ်သိပါတယ် ကိုယ်မှားတာပါ
ကိုယ့်အမှားတွေပါ  တကယ်လို့ ကိုယ်သာ
အကုန်လုံးကိုမေ့သွားနိုင်တဲ့ အခြေအနေထိသာမရောက်ခဲ့ရင် နိုင်ငံခြားထိသွားပြီး ပြရလောက်အောင်ထိ မဆိုးခဲ့ရင် ကိုယ်မင်းကို လက်လွှတ်မိမယ်မထင်ဘူး seokရယ် ဟင့် ကိုယ်မှားတာပါကွာ"

❝ 𝚅.𝙸.𝙿 ❞ ( 𝙲𝙾𝙼𝙿𝙻𝙴𝚃𝙴𝙳 )Tahanan ng mga kuwento. Tumuklas ngayon