part 13

854 91 29
                                    

Unicode

#....The mature scene continues
in this part...#

အိပ်ယာဖြူဖြူပေါ်က ခပ်သေးသေးကိုယ်လေးကို
လူကောင်ကြီးကြီးတစ်ယောက်က နွေးထွေးစွာ
ထွေးပွေ့ထားတဲ့မြင်ကွင်းက သိပ်ကိုလှလွန်းလေသည်။

ခဏအကြာ ထိုအသေးလေးက လှုပ်စိလှုပ်စိနဲ့
နိုးလာပြီး ခန္ဓာကိုယ်လေးကို လူးလွန့်နေတော့
နောက်တစ်ယောက်က ပိုတိုးဖတ်နေပြန်သည်။

"အင်း......"

အသံသေးသေးလေးပြုကာ မျက်၀န်းတွေကို
ဖွင့်ကြည့်တော့ မျက်စိရှေ့က ဦးက အိပ်နေတဲ့အချိန်
တောင် သိပ်ခန့်လွန်းနေတယ်။
နှုတ်ခမ်းပါးလေးကိုတွန့်ကာပြုံးလိုက်ပြီး
မျက်နှာလေးကို ထိချင်သော်ငြား နိုးသွားမည်ဆိုး၍
ဖက်တွယ်ထားသော လက်ကို အသာဖယ်ရင်း
ထထိုင်လိုက်ပြီး ဘေးမှာရှိတဲ့ ဆေးလိပ်ကိုဆွဲယူကာ
ဖွာနေလိုက်သည် ။

တီ.....

ဖုန်းမြည်သံကြောင့် အမြန်ကိုင်လိုက်တော့ jk..

" hey baby နိုးပြီလား "

"အင်း ညကဟိုကောင်ရော ဘယ်လိုနေလဲ"

"Jackဆိုတဲ့ကောင်လား ငါကတမလွန်ပို့မလို့ကိုကွာ
Blueဆိုတဲ့ မင်းသူငယ်ချင်းက ဒူးထောက်ငိုယိုပြီး
တောင်းပန်နေတာနဲ့ ငါလဲ မသေရုံပဲလုပ်ခဲ့လိုက်တယ်
Sorry "

လက်ထဲကဆေးလိပ်ကို အဆုတ်ထဲထိရောက်အောင်
ခပ်ပြင်းပြင်းဖွာလိုက်ပြီး အငွေ့များကို ပြန်ရှူထုတ်လိုက်ရင်း ခပ်ထွေထွေနေလိုက်သည်။

"Blueက အဲ့သူတောင်းစားကို ဆောက်ရမ်းတွေ
ချစ်နေတာလေ အဲ့တာကို ခွေးမသားက
ငါ့ကိုပဲရူးနေတော့ အနီးကလူကိုမမြင်နိုင်ဖြစ်နေတာ"

"ဟုတ်မယ် အခုလဲဟိုကောင်ရဲ့ ဆေးရုံခန်းထဲမှာ
တစ်ငိုငိုတစ်ရယ်ရယ်နဲ့ ......အတော်လေး
ချစ်တတ်နေလိုက်တာ"

"အဟင်း..သူများပြောမနေပါနဲ့ Jk မင်းရော
ဘယ်တော့ အချစ်နဲ့တွေ့ပြီးအေးဆေးနေမလဲ"

❝ 𝚅.𝙸.𝙿 ❞ ( 𝙲𝙾𝙼𝙿𝙻𝙴𝚃𝙴𝙳 )Where stories live. Discover now