Unicode
Jung gp ရဲ့ကုမ္ပဏီကြီးရှေ့မှာ ပြိုင်ကားအနက်ကလေးဟာ ၀ှီးခနဲ ရောက်လာခဲ့တယ်။
ထိုကားပေါ်ကနေ suit အနက်နဲ့ ကောင်ချောလေး
တစ်ယောက်ဖြစ်တဲ့ CEO J-Hope ဟာ
Suit ကိုတစ်ချက်သေသပ်သွားအောင်
ပြန်ပြင်လိုက်ပြီး ခန့်ခန့်ညားညားနဲ့ ဆင်းလာခဲ့တယ်။တစ်ဖက်မှာတော့ ပစ်မလဲရုံတမယ် တုံတုံချိချိနဲ့
ဆင်းလာတဲ့ CEO ရဲ့အမျိုးသား Kim seok jin ။"အမလေး ကောင်လေးရဲ့ မင်းကားလိုက်စီးရတာလဲ
ရိုလာကိုစတာစီးနေရသလိုပဲ ""ဟက် hyung အဆင်ရောပြေရဲ့လား "
"မပြေဘူး ကိုယ့်မှာမင်းနဲ့ ချစ်သူမဖြစ်ရသေးခင်
ဘ၀ကူးတော့မယ်တောင်မှတ်တာ ဘယ်ဘ၀ကအငြိုးတွေနဲ့
ကိုယ့်ကိုလုပ်ရသလဲကွယ် ""ဟားဟား ရယ်ရလိုက်တာ hyung ရယ်
ကျွန်တော်ဘာမှမလုပ်ရပါဘူး ပုံမှန်ပဲဟာ
လာကျွန်တော်တွဲပေးမယ် "တွဲပေးမယ်ဆိုပြီး အနားရောက်လာတဲ့ ကောင်လေးရဲ့
ခါးလေးကို လှမ်းဆွဲပြီးတင်းနေအောင် ဖတ်ပလိုက်တယ်။
မှတ်ပြီလား အဆိုးလေး။"အင့် ! hyung ဘာလို့လာဖတ်တာလဲ "
" ဖတ်ချင်လို့လေ ပြီးတော့ ကိုယ်ကမင်းလူဆိုတာ
သတိပေးတာ ""ဘယ်သူကခင်ဗျားလူလဲ လျှောက်ပြောမနေနဲ့ "
"မင်းလေ ကဲပါ စကားတွေများမနေနဲ့ meeting
နောက်ကျတော့မှာပဲ သွားရအောင် ""အင်း "
ကောင်လေးခါးပေါ်ကလက်ကိုမဖြုတ်ပဲ ကုမ္ပဏီထဲကို ၀င်လိုက်သည်နှင့် သူတို့နှစ်ယောက်အား အားလုံးက
ပြုံးစိစိနဲ့ ကြည့်နေကြသည်။
"လိုက်ဖက်လိုက်တာ" " အားကျလိုက်တာ"ဆိုတဲ့ စကားများကြားရင် Kim seok jin တို့မျက်နှာကြီးများ
ပြုံးဖြီးလို့ နွားပွဲစားကြီးကျနေရော။"မင်္ဂလာပါဗျ လူစုံနေကြပြီနဲ့တူတယ် "
မနှုတ်ဆက်ပဲ ကော့ခနဲ ၀င်သွားတဲ့ ကောင်လေးနောက်
သူကပဲ နှုတ်ဆက်ရင်း ၀င်လာလိုက်တော့တယ် ။
အခန်းထဲသို့ သူတို့၀င်လိုက်တော့ ကောင်လေးပြောတဲ့
ရှယ်ယာရှင်အဖိုးကြီးတွေနဲ့အတူ ဖေဖေ့ကိုပါ တွေ့လိုက်ရတယ်။ ဟုတ်သားပဲ ဒီ project မှာ
ကျွန်တော်တို့ ကုမ္ပဏီက အရေးကြီးတာပဲကို။
KAMU SEDANG MEMBACA
❝ 𝚅.𝙸.𝙿 ❞ ( 𝙲𝙾𝙼𝙿𝙻𝙴𝚃𝙴𝙳 )