Unicode
ပြေးထွက်သွားတဲ့ကောင်လေးနောက်ကို လိုက်မိသော်ငြား
အပြင်ရောက်တော့ ဘယ်ရောက်သွားမှန်းမသိအောင်
ပျောက်ထွက်သွားလေသည်။
ကိုယ်လဲ ညီလေးကိုသွားပို့ရမှာမလို့ ဆက်ပြီးလိုက်မနေတော့ပဲ Tae hyung တို့ဆီ
ပြန်လာခဲ့လိုက်သည်။"ပြန်ကြရအောင် အမေမျှော်နေတော့မယ် "
အိမ်ပြန်လမ်းတစ်လျှောက် ဘယ်သူမှစကားမပြောဖြစ်ခဲ့။
သူ့အတွေးနဲ့သူ စိုးမိုးကာ တိတ်ဆိတ်ငြိမ်သက်လို့။
အလာတုန်းက အိပ်ပုပ်လေးထိုင်ခဲ့တဲ့ နေရာဟာလဲ
အခုတော့ ဟာလာဟင်းလင်း.....
ဟင်းးးး ဘယ်တွေသွားနေတာလဲကွာ။
အနောက်ကနှစ်ယောက်ကိုကြည့်ပြန်တော့ အတွေးနယ်ကျွံနေတဲ့ Tae hyungကို jiminလေးက
အရိပ်တကြည့်ကြည့်နဲ့......
ပုံမှန်ထက်အဆင်မပြေဖြစ်နေတဲ့ ဒီအခြေအနေက
ဘာကြီးလဲ?"ဟယ် သားငယ်လေး လာပြီ "
အိမ်ပြန်ရောက်ရောက်ချင်း အမေက မတွေ့ရတာကြာတဲ့
အငယ်လေးကို ၀မ်းပန်းတသာနဲ့ ဖက်ကာ ကြိုဆိုတော့သည်။"နေကောင်းတယ်နော် မေမေ "
"ကောင်းပါ့ရှင် မေမေက မင်းလေးကိုလွမ်းနေတာ
မင်းနော် တစ်ချက်လေးတောင်ဖုန်းမဆက်ဘူး
နေနိုင်လိုက်တာများ ""မဟုတ်ပါဘူးဗျာ ကျွန်တော်လဲ အလုပ်တွေတော်တော်ရှုပ်နေလို့ပါ မေမေကို
အရမ်းအရမ်း လွမ်းနေတာ "ပိုတိုးလို့ဖက်ကာ ချွဲတဲတဲဆိုတဲ့ စကားနောက်
မေမေက သဘောတကျရယ်သည်။"ဟုတ်ပါပြီ အိမ်ထဲ၀င်ရအောင်လာ မေမေမင်းကြိုက်တာတွေ
ချက်ထားတယ် jimin လေးသားပါလာ...
ဟင်... သားကြီး hoseok လေးရော? "မေမေ့အမေးကြောင့် အကုန်လုံးရဲ့ မျက်နှာဟာ
ကွက်ခနဲ ပျက်ကျသွားကြသည်။
ကိုယ်ကလဲ သေချာဟန်ဆောင်ရင်း..."အာ အဲ့တာက seok ကနေသိပ်မကောင်းလို့
သားအိမ်မှာပဲ သိပ်ထားခဲ့လိုက်တယ် မေမေ ""ဟယ် ဟုတ်လား မေမေက hoseok လေးကို
လွမ်းနေတာ.... ""........."
"ကဲပါ အိမ်ထဲ၀င်ကြရအောင် seok နေကောင်းတဲ့အခါကျ
သားခေါ်လာခဲ့မယ် ဟုတ်ပြီလား "
YOU ARE READING
❝ 𝚅.𝙸.𝙿 ❞ ( 𝙲𝙾𝙼𝙿𝙻𝙴𝚃𝙴𝙳 )