part 6

725 92 9
                                    

Unicode

"hey jin မင်းကလေးအခြေအနေ ဘယ်လိုနေလဲ "

အခန်းထဲမှာ ကလေးအတွက် ဘာလုပ်ပေးရင်ကောင်းမလဲ
စဉ်းစားနေတဲ့ ကျွန်တော့်ကို suga ကအခန်းတံခါးကို
ဆွဲဖွင့်၀င်လာပြီး မေးသည်။

"ဟင်းးး မသိတော့ပါဘူးကွာ အခုချိန်ထိ ဘာမှမသိရသလို
ဘာမှလဲလုပ်မရဘူး "

မှန်သည်။ အခုဆိုထိုကောင်လေးနဲ့သူ အိမ်ထောင်ကျတာ
၂လနီးနီးရှိပြီ။ သူဘာဖြစ်နေလဲဆိုတာလဲ မသိရသလို
ကောင်ဆိုးလေးက ဟိုကိစ္စကြောင့် အနားတောင်မကပ်တော့။

"ဘာတွေများထူးခြားသေးလဲ "

"ဘာမှမထူးခြားဘူး အရက်သောက်လိုက် ဆေးချလိုက်နဲ့
သာယာနေရော ဟင်းးး "

ကိုယ်ကသာ သူ့အားစိတ်ပူစွာ လိုက်ပြီးစောင့်ရှောက်နေရတာ
သူကကိုယ့်ကိုရှိတယ်တောင်မထင် JK ဆိုတဲ့ကောင်လေးနဲ့
တွဲသွားတွဲလာနဲ့ အဆင်ပြေနေရော...

"ဟ ဟ မင်းလဲ ဒီကောင်လေး နဲ့တွေ့မှ သက်ပြင်းတွေချရလွန်းလို့ အသက်တိုပြီးသေတော့မယ် "

"အဟား မင်းပြောသလိုပဲကွာ ဒါကလဲ ဒီနေ့ရဲ့ ဘယ်နှစ်ယောက်မြောက်မှန်းမသိတဲ့ သက်ပြင်းပဲ
ကဲ ငါ့ဂျူတီပြီးပြီဆိုတော့ ပြန်အုံးမယ် ဖိုက်တင်း
ငါ့ကောင်ရေ "

"အေး သွားသွား "

အခန်းအပြင်ကိုထွက်ကာ အတွေးတွေတစ်သီကြီးနဲ့
အိမ်ပြန်လမ်းကို ဦးတည်မိတယ်။

အိမ်ပြန်ရောက်တော့လဲ ကိုယ်ကသာ သူ့အတွက်
စိတ်ပူနေတာ သူကတော့ ကာစီနို၀ိုင်းမှာ ဆေးလိပ်တစ်လိပ်နဲ့
ပွဲကောင်းနေလေရဲ့။

ကိုယ့်လဲမြင်ရော တစ်ချက်မျက်လုံးလှန်ကြည့်ပြီး
တာ၀န်အရ နှုတ်ဆက်လေသည်။

"ပြန်လာပြီလား hyung "

"အင်း "

"ခဏနေရင် ဒီပွဲကပြီးတော့မှာမလို့ အသိမပေးမိတာ
အပေါ်မှာပဲနေလိုက်နော် ခဏနေ ကျွန်တော်လာခေါ်မယ် "

ကိုယ်စိတ်အနှောက်အယှက်ဖြစ်သွားမည်စိုး၍ ကောင်လေးက
ရှင်းပြလာတော့လဲ သူပြောသလို အပေါ်ထပ်တက်နေရတာပေါ့ ဒီမှာက ဆေးလိပ်နံ့တွေ
မွှန်ထူနေတာ။

❝ 𝚅.𝙸.𝙿 ❞ ( 𝙲𝙾𝙼𝙿𝙻𝙴𝚃𝙴𝙳 )Where stories live. Discover now