Unicode"သားဂရုစိုက်နော် "
မေမေကတော့ ကျောလေးကိုပုတ်ကာပုတ်ကာ နဲ့နှုတ်ဆက်နေတယ်။
ကျွန်တော်မဟုတ်ဘူး ဟိုကောင်လေးကို .....။
နေပါအုံး ငါကသူ့သားလား ဒီကောင်လေးကသူ့သားလား။"အဲ့ကြီးကောင်ကြီးမားကြီး ပြောမရဆိုမရဖြစ်ရင်
မေမေ့ကိုလာပြော မေမေဆုံးမပေးမယ် "အမယ် ငါ့ပါအတင်းတုတ်နေသေး....
ဟိုကတော့ လူကြီးမလို့လားမသိ ပြုံးတုံးတုံးနဲ့နေပြီး ကျွန်တော့်ဘက်ရောက်တော့ ဘာမှန်းမသိတဲ့ အပြုံးနဲ့
လုပ်နေလေရဲ့။"အဲ့တာဆို ကျွန်တော်ကားပေါ်သွားထိုင်နေမယ်နော် အန်တီ "
"ကြည့်ဘာအန်တီလဲ မေမေလေ "
"အာ မေမေ"
"အေးပါသားသားရယ် သွားသွား "
ကားပေါ်သွားထိုင်တဲ့သူ့ကို အမေက အခုထိ မျက်လုံးမလွှဲနိုင်သေးဘူး အဲ့လောက်ချစ်တယ်ပေါ့။
"မေမေ ကျွန်တော်ဘယ်တုန်းက မလိမ္မာဘူးလို့လဲ
သားအလိမ္မာလေးပါနော် ""ဟုတ်ပါပြီ မင်းကအလိမ္မာကြီးပါ ဟိုကောင်လေးကသာ အဆိုး သူ့အစ်ကိုလက်ထပ်တာ သူရောက်အောင်မလာဘူး "
"Tae ကမေ့မေ့စကားနားထောင်ပြီး သွားခဲ့တာလေ
သူလဲ 30နားကပ်နေပြီပဲ လုပ်ချင်တာလုပ်ပါစေတော့ ပြီးတော့ ဒါကအရေးကြီးတာမှမဟုတ်တာ ""သွားတော့ ငါ့သားလေးစောင့်နေရပြီ "
"ကျွန်တော်က အမေ့သားလား သူကအမေ့သားလား "
"အသက်ကကြီးပြီ အဲ့လိုတွေလုပ်နေလို့ ငါ့သားလေးကို
စိတ်မချတာ ""ဟွန့် မေမေမကောင်းပါ သွားပြီအမေရေ "
အမေ့အားနှုတ်ဆက်ပြီး ကားပေါ်တက်လာတော့ ကိုယ်တော်ချောက အိပ်နေပြီ ခါးပတ်လဲမပတ်ထား
ဒီကောင်လေးသေချင်နေတာလား။"ဟေး ခါးပတ်ပတ်လေ "
ပြောတာကို မသိချင်ယောင်ဆောင်ကာ ဟိုဘက်တောင်
လှည့်သွားသေး ကြည့် တော်တော်ပြောစကားနားမထောင်တဲ့
ဟာလေး။
YOU ARE READING
❝ 𝚅.𝙸.𝙿 ❞ ( 𝙲𝙾𝙼𝙿𝙻𝙴𝚃𝙴𝙳 )