(....𝑭𝑰𝑵𝑨𝑳...)

1.3K 125 46
                                    

Unicode

မာမီရောက်နေတာတဲ့လား ?
ဘာကြောင့်လဲ ? ဘာ့အတွက်လဲ ?
ကြောင်တောင်တောင်ကြီးရပ်နေတဲ့နားကို မာမီက
သုတ်သုတ်နဲ့လျှောက်လာလေတယ်။

"သား hoseok မင်းဘာတွေလျှောက်လုပ်နေတာလဲ"

"လျှောက်လုပ်တယ် ? ကျွန်တော် ဘာလုပ်မိလို့လဲ"

"မင်းဘာကိစ္စနဲ့များ ယောကျ်ားတစ်ယောက်နဲ့
ယူရလဲသားရယ် မာမီ့ကိုရင်ကျိုးစေချင်နေတာလား"

ဟက် ရီရလိုက်တာ ...ယောကျ်ားလေးနဲ့ယူလို့?
သူအိပ်ခိုင်းခဲ့တဲ့ ကာစီနိုသူဌေးကျ ယောကျ်ားမဟုတ်လို့လား ....

"ဘာတွေလာပြောနေတာလဲ ဒါကျွန်တော့်ကိစ္စ
မဆိုင်တဲ့သူ၀င်မပါနဲ့ "

"ဆိုင်တယ်ဟဲ့ ငါကနင့်အမေ ဒီမှာ ရှင်ကရော သားကို
ဘာတွေလျှောက်လုပ်နေတာလဲ မတားဘူးလား
တကယ်ဆိုသားက မျိုးရိုးမြင့်မြင့် မိန်းမလှလှလေးနဲ့
ယူပြီး မိသားစုဘ၀လေးကို ထူထောင်သင့်တာ "

ဒယ်ဒီကိုဘက်ကိုလှည့်ကာပြောတော့ ဒယ်ဒီကရီသည်။

"ရယ်ရလိုက်တာ တစ်ချိန်ကပစ်သွားခဲ့တဲ့ အမေတစ်ယောက်က အခုမှ အသံကောင်းဟစ်နေတာ လူကြား
လို့တောင်မကောင်းဘူး...အခုရော ဘာလာလုပ်တာလဲ ငွေလိုလို့လား ယူသွား ငါ့သားနားဘယ်တော့မှပြန်မလာနဲ့...."

"ရှင်!.....ရှင်နဲ့မပြောတော့ဘူး သား ...မာမီ့ကိုကြည့်စမ်း ဒီpjပြီးသွားရင် သူနဲ့ကွာရှင်းလိုက် မာမီ...
မာမီ မိန်းမလှလေးတစ်ယောက် တွေ့ထားတယ်
သိပ်လဲချမ်းသာတာ ....သားသူ့ကိုယူလိုက် "

နောက်ဆုံးတော့လဲ ငါဟာအသုံးချခံ တစ်ယောက်ထက်မပိုခဲ့ဘူး...သူကောင်းစားဖို့ဆို ငါ့ကိုချနင်းဖို့
သူ၀င်မလေးဘူး...ဟက် စိတ်မကောင်းပါဘူး
အရင်ကလို မာမီပြောသမျှနားထောင်မယ့်
အမေ့သားလေး မရှိတော့ဘူး ။

"မလုပ်နိုင်ဘူး !"

"ဘာ..! Jung Hoseok နင်ကများ.."

"မလုပ်နိုင်ဘူး ဘယ်လိုသတ္တိမျိုးနဲ့ ကျွန်တော်နဲ့ဦးကို
လာခွဲနေလဲမသိပေမယ့် ကျွန်တော်ကတော့လမ်းခွဲ
ဖို့စိတ်ကူးတောင်မရှိတာမလို့ ပြန်လိုက်ပါတော့...
နောက်တစ်ခါလဲ အိမ်ကိုမလာပါနဲ့ ..."

❝ 𝚅.𝙸.𝙿 ❞ ( 𝙲𝙾𝙼𝙿𝙻𝙴𝚃𝙴𝙳 )Donde viven las historias. Descúbrelo ahora