part 5

793 93 13
                                    


Unicode

#The mature scene  contains
in this part. (Warning)

ဆေးမိပါသည်ဟုပြောလာတဲ့ကောင်လေးကြောင့်
ကိုယ့်မှာငွေအသာရှင်းရင်း အမြန်ပြန်ဖို့စီစဉ်ရတော့သည်။

ဆေးကပြင်းလို့လားမသိ.... လမ်းတောင်ကောင်းကောင်းမလျှောက်နိုင်တဲ့ကောင်လေးကို
အသာပွေ့ချီကာ ကားပေါ်တင်ရင်း အိမ်သာအမြန်ရသည်။

"အဆင်ပြေရဲ့လား  seok  "

ပွင့်လင်းလွန်းတဲ့ကောင်လေးက ခေါင်းကိုခပ်ပြင်းပြင်း
ခါပြကာ လူးလှိမ့်နေသည်။
အိမ်ပြန်ရောက်တော့လဲ ပွေ့ချီခေါ်လာလိုက်ပြီး သူ့အခန်းထဲက ကုတင်ပေါ်ပစ်တင်လိုက်သည်အထိ
ကောင်လေးက အငြိမ်မနေသေး.....
မဖြစ်သေးဘူး တစ်ခုခုလုပ်ရမယ်။

အခန်းအပြင်ထွက်ကာ ဖုန်းကိုကိုင်လိုက်ပြီး suga  ဆီလှမ်းခေါ်လိုက်သည်။

"Hello "

"hey  သတို့သားလောင်းကြီး ဒီအချိန်က ခင်ဗျားအချစ်ကလေးနဲ့ ပျော်နေရမယ့်အချိန်လေ
ဘောက်မဲ့ကြောင့် ကျုပ်ကိုဖုန်းဆက်သတုံး "

"ချီးထဲမှ ငါပြောတာသေချာနားထောင်အုံး suga "

"......အေး ပြော "

"အခုကောင်လေး ဆေးမိနေလို့ "

"ဘယ်လိုဖြစ်ရတာလဲကွ "

"နောက်မှပြောကြတာပေါ့ အခုတော့ ကာမထိန်းဆေး
တစ်လုံးရယ် စိတ်ငြိမ်ဆေး တစ်လုံးရယ် ယူပြီး
ငါပို့တဲ့လိပ်စာဆီ လာခဲ့ပေး မြန်မြန်နော် "

"အေးအေး ငါလာခဲ့မယ် "

တီ ...

ပြတ်တောက်သွားတဲ့ ဖုန်းလိုင်းနောက်မှတော့ ကောင်လေး
အဆင်ပြေရဲ့လား ကြည့်ဖို့အခန်းထဲပြန်၀င်လာတော့
ကုတင်ပေါ်က ကောင်လေးကမရှိတော့။
ထူပူသွားတဲ့စိတ်အစုံဟာ ရေချိုးခန်းထဲက ရေသံကိုကြားကာမှ သက်သာသွားသည်။

၀င်မသွားသင့်မှန်းသိသော်ငြား အကူအညီများလိုမလား
ဆိုတဲ့အသိနဲ့၀င်သွားတော့ မျက်စိရှေ့က မြင်ကွင်းကြောင့်
အတွေးတွေက ကပြောင်းကပြန်တွေ ဖြစ်ကုန်တယ်။

❝ 𝚅.𝙸.𝙿 ❞ ( 𝙲𝙾𝙼𝙿𝙻𝙴𝚃𝙴𝙳 )Where stories live. Discover now